ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှ INVEST 98B ဆက်လက်တည်ရှိနေဆဲ

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှ လေဖိအားနည်းဆဲလ် INVEST 98B သည် ဆက်လက် တည်ရှိနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ လေဖိအားနည်းဆဲလ် INVEST 98B ၏ လက်ရှိအခြေအနေအရ ပိုမိုအားကောင်းလာခြင်းမရှိကြောင်း တွေ့ရပြီး ကွန်ပျူတာမော်ဒယ်များမှ ကြိုတင်ခန့်မှန်းချက်များအရလည်း စက်တင်ဘာလ ၁၉ ရက်နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း အိန္ဒိယနိုင်ငံ သြရိသကမ်းခြေအနီး ချဉ်းကပ်ရောက်ရှိကာ အားပျော့သွားမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရပါသည်။

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေအား ယမန်နေ့ညပိုင်းက ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W) သည် အနောက်-အနောက်မြောက်ဘက်သို့ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်ဆက်လက်ရွေ့လျားဝင်ရောက်လျှက်ရှိပြီး ယနေ့ည သန်းခေါင်ယံနောက်ပိုင်း၌ တရုတ်ပြည် ယူနန်ပြည်နယ်တောင်ပိုင်းသို့ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားပါသည်။ (မူလ . . . → Read More: ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှ INVEST 98B ဆက်လက်တည်ရှိနေဆဲ

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-98B စတင် ဖြစ်ပေါ်လျှက်ရှိ

အမေရိကန် Naval Research Laboratary(NRL)၏ Marine Meteorology Division မှ ရရှိသည့် အချက်အလက်များအရ စက်တင်ဘာလ ၁၆ ရက် နံနက် ဝ၆း၃ဝ နာရီမှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၄၄ဝ ခန့်၊ ပုသိမ်မြို့ အနောက်ဘက် ၅၁ဝ မိုင်ခန့်၊အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် – ချင်နိုင်း(Chennai)မြို့ အရှေ့မြောက်ဘက် ၄၁ဝ မိုင်ခန့်၌ လေဖိအားနည်းဆဲလ်(INVEST – 98B)စတင် ဖြစ်ပေါ်လျှက်ရှိပါသည်။(ပုံ-၁)

INVEST 98B သည် GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များအရ အရှေ့မြောက်ဘက်သို့ မိုင်အနည်းငယ်မျှ ရွေ့လျားပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ပြန်လည် ချိုးကွေ့ရွေ့လျားမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၉ ရက် . . . → Read More: ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-98B စတင် ဖြစ်ပေါ်လျှက်ရှိ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း-၃

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် စတင်ဖြစ်ပေါ်လျှက်ရှိပြီး စက်တင်ဘာလ(၄)ရက် မြန်မာစံတော်ချိန် ဝ၉းဝဝ နာရီ၌ ဖြစ်ပေါ်မှု အခြေအနေအား အောက်ပါအတိုင်း တွေ့ရှိရပါသည် – (ပုံ-၁)

တည်နေရာ – 21.39° N, 88.07° E ဗဟိုလေတိုက်နှုန်း – 285° @ 1 km/h ဗဟိုဖိအား – 1004 hPa

စက်တင်ဘာလ(၄)ရက် မြန်မာစံတော်ချိန် ၁၈းဝဝ နာရီတွင် လေဖိအားနည်းရပ်ဝန်း(at 850hPa)သည် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ကုန်းတွင်း(အနောက်မြောက်ဘက်)သို့ ပြန်လည်ရွေ့လျားဝင်ရောက်သွားမည်ဖြစ်ကြောင်း တွေ့ရပြီး GFS ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်း ပုံဖေါ်ချက်များအရ လေဖိအားနည်းဆဲလ် ရွေ့လျားမည့် အခြေအနေအား အောက်ပါအတိုင်း ကြိုတင်ခန့်မှန်းပုံဖေါ်ထားသည်ကို တွေ့ရပါသည် (လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် မုန်တိုင်း . . . → Read More: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း-၃

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း

စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ်(သို့မဟုတ်)လေဖိအားနည်းရပ်ဝန်းအဆင့် system တစ်ခု ဖြစ်ပေါ်လာနိုင်ပြီး နေ့လည်ပိုင်းနှင့် ညနေပိုင်းတွင် ပိုမိုအားကောင်းလာနိုင်မည့် အခြေအနေကို GFS ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်းချက်များ(Earth image နှင့် WUND image တို့တွင်) တွေ့ရပါသည်။ (ပုံ-၁ / ပုံ-၂)

GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်၏ Earth ပုံရိပ်များအရ စက်တင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ၁၂းဝဝ နာရီတွင် 18.53° N, 87.76° E တွင် ဖြစ်ပေါ်လာနိုင်မည့် အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ ဗဟိုဖိအား 1000 hPa အထိ ကျဆင်းလာပြီး မြစ်ဝကျွန်းပေါ်ကမ်းနီးပင်လယ်ပြင် – 14.57° N, . . . → Read More: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ

သြဂုတ်လ ၂၇ ရက် – မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီအထိ ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းပုံအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် တောင်တရုတ်ပင်လယ်မြောက်ပိုင်းတို့တွင် လေဖိအားနည်းဆဲလ် INVEST SYSTEM များ ဖြစ်ပေါ်လျှက်ရှိပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကြမည်ဟု ခန့်မှန်းထားပါသည်။

လေဖိအားနည်းဆဲလ်များသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်း ဖြစ်လာနိုင်မည့် အခြေအနေမရှိကြောင်း၊ ဤ ဖြစ်ပေါ်မှုကြောင့် မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် တောင်ဘက်မှ လေတိုက်နှုန်းနှင့် လေထုစိုထိုင်းဆ မြင့်တက်လာပြီး မိုးရွာနိုင်မည့် အခြေအနေများဆက်လက်၍ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း တွေ့ရပါသည်။

ပစိဖိတ်အနောက်မြောက်(ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်)မှ မုန်တိုင်းများနှင့် ဘင်္ဂလားပင်လယ်အော်

ဇူလိုင်လ ၂၉ ရက် မြန်မာစံတော်ချိန် ၁၂းဝဝ နာရီတွင် ရရှိသည့် GFS ကွန်ပျူတာမော်ဒယ် – Earth Application ကြိုတင် ခန့်မှန်းချက်အရ ဘင်္ဂလာပင်လယအော် မြောက်ပိုင်း၊ Pressure Altitude 850hPa မှ လေဖိအားနည်းရပ်ဝန်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားလျှက်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ပစိဖိတ်အနောက်မြောက်ပိုင်းမှ INVEST 96W နှင့် အပူပိုင်း မုန်တိုင်း 11W(HALONG)တို့သည်လည်း အနောက်-အနောက်မြောက်ဘက်တို့သို့ ဆက်လက်ရွေ့လျားလျှက်ရှိကြောင်း တွေ့ရပါသည်။(ပုံ-၁)

ဇူလိုင် ၃ဝ ရက် မြန်မာစံတော်ချိန် ၁၂းဝဝ နာရီနောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ လေဖိအားနည်း ရပ်ဝန်းသည် အိန္ဒိယနိုင်ငံ သြရိသကမ်းခြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ရောက်ရှိသွားမည့် အခြေအနေတွေ့ရပါသည်။ တစ်ချိန်တည်းမှာပင် အပူပိုင်းမုန်တိုင်း HALONG(11W)သည် ပိုမိုအားကောင်းလာပြီး . . . → Read More: ပစိဖိတ်အနောက်မြောက်(ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်)မှ မုန်တိုင်းများနှင့် ဘင်္ဂလားပင်လယ်အော်

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာသော RAMMASUN(09W)သည် ယနေ့ညပိုင်းတွင် ဖိလစ်ပိုင်မိုးလေဝသပိုင်နက်(အရှေ့ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား စတင်၍ ကျော်ဖြတ်ပြီး တောင်တရုတ်ပင်လယ်သို့ ဆက်လက် ရွေ့လျားနိုင်မည် ဖြစ်ကြောင်း၊ မုန်တိုင်း အရွယ်အစား အချင်း ၃၃၅ ကီလိုမီတာ(၂ဝ၈ မိုင်)ရှိကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှ ထုတ်ပြန်သည့် UPDATE-03 တွင် ဖေါ်ပြထားပါသည်။

RAMMASUN still a weak Tropical Storm (TS) as it swiftly moves towards the west…expected to enter the Philippine Area of Responsibility (PAR) tonight. The initial . . . → Read More: ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 96B စတင် ဖြစ်ပေါ်လျှက်ရှိ

ဇွန်လ ၂၅ ရက် ညနေပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ စစ်တွေမြို့ အနောက်ဘက် မိုင် ၂၂ဝ ခန့်တွင် လေဖိအားနည်းဆဲလ် INVEST 96B ဖြစ်ပ်ါလျှက်ရှိပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ INVEST 96B သည် 850 hPa(ပေ ၄၅ဝဝ ခန့်)တွင် ဗဟိုဖိအား 1002 hPa ရှိနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး၌ ကုန်းတွင်းသို့ ရွေ့လျားပြီး အားပျော့သွားမည်ဟု GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်တွင် တွေ့ရသဖြင့် မြန်မာနိုင်ငံအတွက် စိုးရိမ်ရသော အခြေအနေမရှိပါ။

INVEST 96B ၏ ညာဘက်ရှိ . . . → Read More: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 96B စတင် ဖြစ်ပေါ်လျှက်ရှိ

INVEST 92B အားဆက်လက် စောင့်ကြည့်ခြင်း – ၅

မေလ ၂၃ ရက် ညနေ ၁၈း၃ဝ နာရီတွင် ထပ်မံရရှိသည့် NRL data များအရ INVEST 92B သည် အနောက်မြောက်ဘက်သို့ ချိုးကွေ့ရွေ့လျားပြီး လပွတ္တာမြို့ အနောက်ဘက် မိုင် ၂၅ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၂၆ဝ ခန့်၊ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ် ဝိဿာခါပတ္တနမ်မြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၄ဝခန့် သို့ ရောက်ရှိလာပါသည်။ (ပုံ-၁)

GFS ကွန်ပျူတာမော်ဒယ်မှ လာမည့် ၆၃ နာရီ – ကြိုတင်ခန့်မှန်းချက်အရ INVEST 92B သည် အနောက်-အနောက်မြောက်ဘက် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ မေလ ၂၆ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ အရှေ့ဘက် . . . → Read More: INVEST 92B အားဆက်လက် စောင့်ကြည့်ခြင်း – ၅

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း-၂

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် NRL data များမှ ပုံဖေါ်ရရှိချက်အရ ပုသိမ်မြို့ အနောက်ဘက် မိုင် ၁၇ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၁၇၅ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ၁၉၇ မိုင်ခန့် ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပြီး လွန်ခဲ့သော ၆ နာရီအတွင်း အနောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ (ပုံ-၁)

လေဖိအားနည်းရပ်ဝန်း INVEST-92B 22 May 2014 1200Z Location: 17.0 91.8 Winds: 30 . . . → Read More: ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း-၂