ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း-၂

ယနေ့(စက်တင်ဘာလ ၂ ရက် နံနက်ပိုင်း)GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းရရှိသည့် အချက်အလက်များအရ စက်တင်ဘာလ ၃ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၅ ရက် ည သန်းခေါင်အထိ ကာလအတွင်း၌ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီး ကမ်းခြေမှ စတင်ကာ လေဖိအားနည်းရပ်ဝန်း တစ်ခု အစပျိုး ဖြစ်ပေါ်လာနိုင်မည့် အခြေအနေကို အောက်ဖေါ်ပြပါ ပုံ-၁ မှ ပုံ-၆ အထိ အဆင့်ဆင့် တွေ့ရမည် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် အဆိုပါ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာချိန်၌ လေပြင်းများတိုက်ခတ်ပြီး လှိုင်းကြီးနိုင်မည့် အခြေအနေရှိပါသဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်နောက်ပိုင်း နေ့စဉ် မိုးလေဝသသတင်း ထုတ်ပြန်ချက်များကို ဆက်လက် စောင့်ကြည့် လေ့လာနိုင်ကြပါရန် ကြိုတင် အသိပေးတင်ပြလိုပါသည်။ ထူးခြားမည့် အခြေအနေများကို ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်းချက်များ ထပ်မံ ရရှိသည်နှင့် ဆက်လက် တင်ပြပေးသွားပါမည်။

ပုံ-၁ စက်တင်ဘာလ ၃ ရက် မြန်မာစံတော်ချိန် ၁၅းဝဝ နာရီ
 01-02SEP-1500MST
ပုံ-၂ စက်တင်ဘာလ ၄ ရက် မြန်မာစံတော်ချိန် ၁၅းဝဝ နာရီ
 02-04SEP-1500MST
ပုံ-၃ စက်တင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ၁၅းဝဝ နာရီ
 03-05SEP-1500MST
ပုံ-၄ စက်တင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ၁၈းဝဝ နာရီ
 04-05SEP-1800MST
ပုံ-၅ စက်တင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ၂၁းဝဝ နာရီ
 05-05SEP-2100MST
 ပုံ-၆ စက်တင်ဘာလ ၅ ရက် ည သန်းခေါင်(၂၄းဝဝ နာရီ)
 06-05SEP-2400MST

3 comments to ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း-၂

  • စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်း ငယ် အဆင့်သို့ ရောက်ရှိလာနိုင်မည့် အခြေအနေကို ကွန်ပျူတာမော်ဒယ်(GFS model – WUND image) မှ ရယူ ဖေါ်ပြထားပါသည်။ မုန်တိုင်း ဖြစ်လာလျှင်လည် မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ရန် မရှိပါ၊ ပင်လယ်ပြင်တွင် လှိုင်း လေ ကြမ်းမည့် အခြေအနေများသာ ဖြစ်ပေါ်နိုင်ပြီး နိုင်ငံ အနှံ့ များရွာသွန်းမည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါမည်။

  • စက်တင်ဘာလ ၆ ရက် ၁၅းဝဝ နာရီ ကြိုတင် ခန့်မှန်း(GFS ကွန်ပျူတာမော်ဒယ် – Earth image)

  • အခု system က မနက်ဖန် စက်တင်ဘာလ ၃ ရက် ညနေပိုင်းမှာ စပြီး ဖြစ်လာမှာပါ။

    စက်တင်ဘာလ ၈ ရက် – အထိ ဆက်ပြီး ရှိနေမှာရယ် –
    စက်တင်ဘာလ ၈ ရက်(တော်သလင်း လပြည့်နေ့) – ဒုတိယ စူပါမွန်း ဖြစ်စဉ်နဲ့ တိုက်ဆိုင်နေတာတွေကြောင့်ရယ် –
    ပြီးတော့ လပြည့်နေ့ ရေတက်ရက်လဲ ဖြစ်နေတာကြောင့်ရယ် – ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အထူး သတိထားကြဘို့ လိုပါမယ်။

    ဒီ System ရဲ့ အခြေအနေဟာ စက်တင်ဘာလ ၈ ရက် ည ပိုင်း – အိန္ဒိယနိုင်ငံ သြရိသကမ်းခြေကို ဖြတ်ဝင်သွားပြီးမှ စိတ်ချရပါမယ်။

    View image on MMWeather Page – Facebook

You must be logged in to post a comment.