ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း

စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ်(သို့မဟုတ်)လေဖိအားနည်းရပ်ဝန်းအဆင့် system တစ်ခု ဖြစ်ပေါ်လာနိုင်ပြီး နေ့လည်ပိုင်းနှင့် ညနေပိုင်းတွင် ပိုမိုအားကောင်းလာနိုင်မည့် အခြေအနေကို GFS ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်းချက်များ(Earth image နှင့် WUND image တို့တွင်) တွေ့ရပါသည်။ (ပုံ-၁ / ပုံ-၂)

GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်၏ Earth ပုံရိပ်များအရ စက်တင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ၁၂းဝဝ နာရီတွင် 18.53° N, 87.76° E တွင် ဖြစ်ပေါ်လာနိုင်မည့် အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ ဗဟိုဖိအား 1000 hPa အထိ ကျဆင်းလာပြီး မြစ်ဝကျွန်းပေါ်ကမ်းနီးပင်လယ်ပြင် – 14.57° N, 96.13° E တွင် 260° မှ လေတိုက်နှုန်း 67 km/h အထိရှိနိုင်ကာ – 18.53° N, 87.36° E တည်နေရာရှိ လေဖိအားနည်းရပ်ဝန်း၏ ဗဟိုဖိအား 997 hPa အထိ ကျဆင်းလာမည်ဖြစ်ကြောင်း တွေ့ရပါသည်။

GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်အတိုင်း ဖြစ်ပေါ်လာမည့် အခြေအနေရှိ/မရှိ ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမည်။

ပုံ-၁
05SEP-1500MST
 ပုံ-၂
05SEP-2130MST-WUND

You must be logged in to post a comment.