အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

CAT-3 TYPHOON RAMMASUN(09W) သည် ရုတ်တရက် အားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Rapu-Rapu Island-Bacacay Area တွင် ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ စတင်ဖြတ်ကျော်တိုက်ခတ်လျှက်ရှိပါသည်။ မုန်တိုင်းအရွယ်အစား အချင်း ၅၅၅ ကီလိုမီတာ(၃၄၅ မိုင်)ရှိပြီး၊ ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၈၅-၂၃ဝ(115-142 mph)ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိပြီး တရုတ်ပြည်မတောင်ပိုင်းကမ်းခြေ ဟိုင်နန်ကျွန်းသို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ ဇူလိုင်လ ၁၈ ရက် – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၄ စူပါတိုင်ဖွန်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။(ပုံ-၁)

ဇူလိုင်လ ၁၈ ရက် ညပိုင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား စတင်၍ ဖြတ်ကျော်ဝင်ရောက်ချိန်တွင် အဆင့်-၄ စူပါတိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်မည်ဖြစ်ပြီး ဆက်လက်၍ တုံကင်ပင်လယ်ကွေ့အား ဖြတ်သန်းကာ ဗီယက်နန်နိုင်ငံမြောက်ပိုင်းကမ်းခြေအား ဇူလိုင် ၁၉ ရက် ညနေပိုင်းမှ စတင်ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

ဇူလိုင်လ ၁၉ ရက် ညနေပိုင်းမှ စတင်၍ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် လေတိုက်နှုန်း တစ်နာရီ ၄၅ မိုင်နှုန်းအထိမြင့်တက်လာမည်ဖြစ်ကြေင်း GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းထားပါသည်။ ဇူလိုင်လ ၁၉ ရက် မတိုင်မီ မြစ်ဝကျွန်းပေါ်ကမ်းလွန် ဒေသများမှ ရေလုပ်သားများအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးတင်ပြအပ်ပါသည်။(ပုံ-၂)

ပုံ-၁ – ဇူလိုင်လ ၁၅ ရက် မြန်မာစံတော်ချိန် ၂၁း၃ဝ နာရီ
15-JUL-2100MST
ပုံ-၂ ဇူလိုင်လ ၂ဝ ရက် – မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီ
20-JUL-0630MST

You must be logged in to post a comment.