ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာသော RAMMASUN(09W)သည် ယနေ့ညပိုင်းတွင် ဖိလစ်ပိုင်မိုးလေဝသပိုင်နက်(အရှေ့ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား စတင်၍ ကျော်ဖြတ်ပြီး တောင်တရုတ်ပင်လယ်သို့ ဆက်လက် ရွေ့လျားနိုင်မည် ဖြစ်ကြောင်း၊ မုန်တိုင်း အရွယ်အစား အချင်း ၃၃၅ ကီလိုမီတာ(၂ဝ၈ မိုင်)ရှိကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှ ထုတ်ပြန်သည့် UPDATE-03 တွင် ဖေါ်ပြထားပါသည်။

RAMMASUN still a weak Tropical Storm (TS) as it swiftly moves towards the west…expected to enter the Philippine Area of Responsibility (PAR) tonight. The initial potential landfall area of this storm shall be over or south of Baler, Aurora on Wednesday morning, July 16.

မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား ကျော်ဖြတ်ဝင်ရောက်ခြင်းမပြုမီ ဇူလိုင်လ ၁၅ ရက်၊ မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး၊ ကုန်းတွင်းသို့ ကျော်ဖြတ်စဉ် အပူပိုင်းမုန်တိုင်းအဆင့်သို့ ပြန်လည်လျော့ကျကာ ဇူလိုင်လ ၁၇ ရက် ည ပိုင်း၊ တောင်တရုတ်ပင်လယ်အတွင်း ပြန်လည် ပားကောင်းလာပြီး အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း၊ မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တရုတ်ပြည်မ တောင်ပိုင်းကမ်းခြေ(ဟောင်ကောင်/မကာအို)ဘက်သို့ ဦးတည်ရွေ့လျားမည် ဖြစ်ကြောင်း၊ ဇူလိုင် ၁၈ ရက် ည ပိုင်းတွင် တရုတ်တောင်ပိုင်း ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များ၌ တွေ့ရပါသည်။(ပုံ-၁)

ဇူလိုင်လ ၁၄ ရက်၊ မြန်မာစံတော်ချိန် ၁၈းဝဝ နာရီအထိ GFS ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်းချက်များအရ၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယကမ်းခြေအား ဖြတ်ကျော်ပြီး ကုန်းတွင်းသို့ ဆက်လက်ရွေ့လျားဝင်ရောက်သွားမည် ဖြစ်ကြောင်း၊ လေဖိအားနည်းရပ်ဝန်း အရှိကြောင့် မြန်မာ/ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသများတွင် လေတိုက်နှုန်း 50km/h နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် လေတိုက်နှုန်း 40km/h အထိ ရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။(ပုံ-၂)

ပုံ-၁
13JUL-1530
 ပုံ-၂
GFS-EARTH-14JUL-1800

You must be logged in to post a comment.