INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း – ၆ – Final post for 92B

INVEST 92B သည် မေလ ၂၄ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် NRL data နှင့် METEO-7 ဂြိုလ်တုတိမ်ပုံများအရ အိန္ဒိယနိုင်ငံ သြရိသကမ်းခြေဘက်သို့ ဦးတည်ရွေ့လျားလျှက်ရှိပြီး၊ လပွတ္တာမြို့ အနောက်ဘက် မိုင် ၄၆ဝ ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၃၇ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်ဘက် မိုင် ၃၄ဝ ခန့်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရွေ့လျားရောက်ရှိသွားပြီဖြစ်ပါသည်။ (ပုံ-၁) (ပုံ-၂)

ထို့ကြောင့် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်းတွေ့ရပြီး၊ မေလ ၂၆ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ သြရိသကမ်းခြေ Puri မြို့နှင့် Brahmapur မြို့များအနီး ပင်လယ်ပြင်တွင် လုံးဝပျက်ပြယ်သွားတော့မည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ်ကြိုတင်ခန့်မှန်းချက်တွင် တွေ့ရသည့်အတွက် ကြိုတင်အသိပေးတင်ပြအပ်ပါသည်။

INVEST 92B
24 May 2014 0600Z
Location: 17.6 87.9
Winds: 25 knots
Central Pressure: 1001 hPa

ပုံ-၁
24MAY-1230MST_1000
ပုံ-၂
20140524-0930-meteo7

You must be logged in to post a comment.