INVEST 92B – အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိနိုင်

မေလ ၁၉ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် နောက်ဆုံးရရှိသည့် NRL data များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 92B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း ပိုမိုအားကောင်းလာခြင်းမရှိပဲ အရှေ့မြောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။ (ပုံ-၁)

နောက်ဆုံးရရှိသည့် data များအရ INVEST 92B သည် ကိုကိုးကျွန်းလေဆိပ်၏ အနောက်-အနောက်တောင်ဘက် မိုင် ၁၃ဝ ခန့်၊ လပွတ္တာမြို့ အနောက်တောင်ဘက် ၂၈၅ မိုင်ခန့်၊ ဖျာပုံမြို့ အနောက်တောင်ဘက် မိုင် ၃၄ဝ ခန့်အကွာရှိ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။

GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်အရ INVEST 92B သည် အရှေ့မြောက်ဘက်၊ မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့သို့ ရခိုင်ကမ်းရိုးတန်းနှင့်ယှဉ်၍ ဆက်လက်ရွေ့လျားပြီး မေလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း(သို့မဟုတ်)မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း၊ မေလ ၂၁ ရက် ည ၂၄း၃ဝ နာရီတွင် အရှေ့ဘက်(မြန်မာကမ်းရိုးတန်းဘက်သို့) ချိုးကွေ့ရွေ့လျားပြီး၊ မေလ ၂၂ ရက် နံနက် အစောပိုင်းတွင် ပုသိမ်မြို့ အနောက်မြောက်ဘက် ပင်လယ်ကမ်းခြေအနီး၌ အားကောင်းသော အနောက်တောင် လေစီးကြောင်းနှင့် ကုန်းတွင်း မြေမျက်နှာပြင်တို့ကြောင့် အားပျော့သွားမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းတွေ့ရှိရပါသည်။ (ပုံ-၂) (ပုံ-၃)

ထို့ကြောင့် မေလ ၂ဝ ရက်မှ မေလ ၂၂ ရက် အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ကြစေရန် အသိပေးတင်ပြလိုက်ပါသည်။

လေဖိအားနည်းဆဲလ် INVEST-92B
19 May 2014 1200Z (မေလ ၁၉ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ)
Location: 13.5 91.5
Winds: 15 knots
Central Pressure: 1010 hPa

 ပုံ-၁
19MAY-1830MST
 ပုံ-၂
 21MAY-0300Z-39TAU
 ပုံ-၃
 21MAY-1800Z-54TAU

You must be logged in to post a comment.