INVEST 94W နှင့် မြင့်မားလာသည့် ပင်လယ်ပြင် လေတိုက်ခတ်မှု အခြေအနေ

INVEST 94W ပိုမိုအားကောင်းလာပြီး မုန်တိုင်း ဖြစ်နိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိလာချိန်တွင် တောင်တရုတ်ပင်လယ်တွင် အရှေ့မြောက်ဘက်မှလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် အနောက်မြောက်ဘက်မှ လည်းကောင်း လေတိုက်နှုန်းများ မြင့်တက်လာသည်ကို တွေ့ရပါသည်။ နံနက်ပိုင်းများတွင် လေတိုက်နှုန်း ပြန်လည်ကျဆင်းပြီး ညနေပိုင်းတွင် လေတိုက်နှုန်း မြင့်တက်လာမည့် အခြေအနေအား ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမည်။

ပုံတွင် တောင်တရုတ်ပင်လယ်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ညနေပိုင်း(၃နာရီခွဲနောက်ပိုင်း) လေတိုက်နှုန်းမြင့်တက်လာမည့် အခြေအနေအား GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းပုံဖေါ်ထားသည်ကို တွေ့နိုင်ပါသည်။

 21-03-14_GFS
 21-03-14_1530-GFS

1 comment to INVEST 94W နှင့် မြင့်မားလာသည့် ပင်လယ်ပြင် လေတိုက်ခတ်မှု အခြေအနေ

  • ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် INVEST 94W သည် လေဖိအားနည်းရပ်ဝန်း အဆင့်သို့ ရောက်ရှိခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အမည် 04W ဖြစ်လာခဲ့ကာ ဖိလစ်ပိုင်တောင်ပိုင်အား ဖြတ်ကျော်ရင်း အားပျော့ပျက်ပြယ်သွားခဲ့ပြီး ဖြစ်ပါသည်။
    JTWC မှ နောက်ဆုံးထုတ်ပြန်ချက်အရ 04W အကြွင်းအကျန်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး တောင်တရုတ်ပင်လယ်တောင်ပိုင်းသို့ ဝင်ရောက်လာသော်လည်း မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်မည့် အခြေအနေမရှိတော့ပါ။ မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများတွင် မွန်းလွဲပိုင်းအချိန်များမှ စတင်၍ အနောက်-အနောက်မြောက်ဘက်မှ လေတိုက်နှုန်း 15 – 18 knots အထိရှိနေဦးမည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ်များမှ ရရှိသည့် data များတွင် တွေ့ရဆဲ ဖြစ်ပါသည်။

    AN AREA OF CONVECTION (THE REMNANTS OF TD 04W) HAS PERSISTED NEAR 9.1N 119.4E, APPROXIMATELY 50 NM SOUTHEAST OF PUERTO PRINCESA, PHILIPPINES.
    ANIMATED MULTISPECTRAL SATELLITE IMAGERY DEPICTS A POORLY DEFINED AND LOOSELY WRAPPING LOW LEVEL CIRCULATION CENTER (LLCC) WITH FLARING AND DISORGANIZED CONVECTION.
    A 240353Z TRMM MICROWAVE IMAGE SHOWS A POOR CONVECTIVE STRUCTURE WITH AN ILL-DEFINED LLCC.
    UPPER LEVEL ANALYSIS REVEALS THE SYSTEM IS EQUATORWARD OF THE RIDGE AXIS WITH SLIGHTLY DIVERGENT OUTFLOW AND MODERATE (15 TO 20 KNOTS) VERTICAL WIND SHEAR.
    MAXIMUM SUSTAINED SURFACE WINDS ARE ESTIMATED AT 10 TO 15 KNOTS. MINIMUM SEA LEVEL PRESSURE IS ESTIMATED TO BE NEAR 1009 MB.
    DYNAMIC MODEL GUIDANCE IS TRACKING THE REMNANTS INTO THE SOUTH CHINA SEA WITH NO DEVELOPMENT.
    THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS LOW.

You must be logged in to post a comment.