WUTIP-20W အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းရောက်ရှိလာဦးမည်

တောင်တရုတ်ပင်လယ်မှ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာသည့် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း WUTIP(20W)သည် အနောက်ဘက်(Heading 261.8 degrees)သို့ တစ်နာရီ ၈ မိုင်နှုန်းခန့်ဖြင့် ဆက်လက် ရွေ့လျားပြီး၊ ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၃၆၅ မိုင်၊ ဟနွိုင်းမြို့ အရှေ့တောင်ဘက် ၅၉၅ မိုင်ခန့်၊ တရုတ်(ပြည်မ) မကာအိုမြို့ တောင်ဘက် ၃၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုလျှက်ရှိပါသည်။

စက်တင်ဘာလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၉း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ မုန်တိုင်းဗဟိုချက်သည် မူလခန့်မှန်းလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားပြီး ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ မြောက်ဘက် မိုင် ၁ဝဝ ခန့်၊ Hue မြို့ မြောက်ဘက် ၆၅ မိုင်ခန့်မှ ကမ်းခြေကို စက်တင်ဘာလ ၃ဝ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း၊ မုန်တိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ ယနေ့ညပိုင်းတွင် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်သို့ ပိုမိုအားကောင်းရောက်ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိချိန်၌ မုန်တိုင်းအရွယ်အစား အချင်း ၃၄၅ မိုင် အထိ ရှိလာမည်ဖြစ်ပါသည်။(ပုံ-၁)(ပုံ-၂)

မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်သည် အောက်တိုဘာလ ၁ ရက် နောက်ပိုင်းတွင် မူလခန့်မှန်းထားသည့် ဒေသများ(ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း)တို့သို့ ရွေ့လျားရောက်ရှိလာနိုင်သဖြင့် မိုးများပြီး ရေကြီးနိုင်မည့် အန္တရာယ်အား ကြိုတင်သတိပြု ရှောင်ရှားနိုင်ကြစေရန် အသိပေးတင်ပြအပ်ပါသည်။

CAT-2 TYPHOON – 20W WUTIP
28 Sep 2013 0000Z
Location: 16.6 113.7
Winds: 55 knots
Central Pressure: 982 hPa

29/00Z (TYPHOON 20W (WUTIP) WARNING NR 010- 090 knots)
TYPHOON 20W (WUTIP) WARNING #10
WTPN32 PGTW 290300 (မြန်မာစံတော်ချိန် နံနက် ဝ၉း၃ဝ နာရီ ထုတ်ပြန်ချက် – JTWC)
290000Z POSIT: NEAR 16.7N 112.4E
MOVING 260 DEGREES TRUE AT 07 KNOTS
MAXIMUM SIGNIFICANT WAVE HEIGHT: 26 FEET
29/00Z, WINDS 090 KTS, GUSTS TO 110 KTS
29/12Z, WINDS 105 KTS, GUSTS TO 130 KTS ** အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း – တစ်နာရီ မိုင် ၁၂ဝ မှ မိုင် ၁၅ဝ **
30/00Z, WINDS 090 KTS, GUSTS TO 110 KTS
30/12Z, WINDS 060 KTS, GUSTS TO 075 KTS
01/00Z, WINDS 020 KTS, GUSTS TO 030 KTS

 (ပုံ-၁)
 28SEP-warning-10-TRACK
 (ပုံ-၂) CURRENT DATA from TSR Page
 28SEP-current-data-TSR

You must be logged in to post a comment.