တောင်တရုတ်ပင်လယ်မှ TD-18W နှင့် ဖိလစ်ပိုင်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း 17W

တောင်တရုတ်ပင်လယ်၊ ဗီယက်နန်ကမ်းခြေအနီး ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 18W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဗီယက်နန်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့ မြေက်ဘက်မှ စက်တင်ဘာလ ၁၈ ရက် မြန်မာစံတော်ချိန် ည ၂၄း၃ဝ နာရီတွင် ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ ကြွင်းကျန်သော တိမ်တိုက်များသည် အနောက်ဘက်(ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တောင်ပိုင်းတို့သို့) ဆက်လက်ရွေ့လျားရောက်ရှိမည်ဟု ခန့်မှန်းပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြာမှုဦးစီးဌာန ထုတ်ပြန်ချက်မှ ကောက်နှုတ် ဖေါ်ပြချက်
နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့  မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေ၀သတိုင်းထွာချက်အကျုဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကယားပြည်နယ် တွင်နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချူန်းရွာခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ သံတွဲမြို့တွင် (၅.၁၆)လက်မ၊ တောင်ကုတ်ြမို့တွင် (၂.၉၅)လက်မ၊ ဂွမြို့တွင်
(၂.၄၈)လက်မ၊ မာန်အောင်မြို့တွင် (၂.၂၀)လက်မ၊သိမ်ဇရပ်မြို့တွင် (၂.၀၉)လက်မ၊ရေးမြို့တွင် (၁.၉၇)လက်မ၊ တောင်ငူ(စိုက်ပျိုးရေး)တွင် (၁.၈၉)လက်မ၊ကျိုက္ခမီမြို့တွင်(၁.၆၉)လက်မ၊ ကော့ကရိတ်မြို့တွင်(၁.၆၅)လက်မနှင့်ပေါက်မြို့တွင် (၁.၆၁)လက်မတို့ဖြစ်ကြပါသည်

ဘင်္ဂလားပင်လယ်အော်အခြအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအား အလွန်ကောင်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ ၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၄၀)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါမည်။

 

အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 18W နှင့် တိုင်ဖွန်းမုန်တိုင်း USAGI(17W)
 18SEP-1600MST-Clouds
  SEP21-MST-72HR-TRMM

You must be logged in to post a comment.