အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းနှင့် ပစိဖိတ်အနောက်မြောက်ဒေသတွင်း အခြေအနေ

အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် ထူးခြားသည့် အခြေအနေဖြစ်ပေါ်မှု မရှိသော်လည်း ပစိဖိတ်အနောက်မြောက်ပင်လယ်ပြင်များ(တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်ပင်လယ်တို့တွင် လေဖိအားနည်းဆဲလ်(INVEST SYSTEM)များ ဖြစ်ပေါ်လျှက်ရှိကြောင်း တွေ့ရပါသည်။ ပုံတွင် ၂၄ နာရီအတွင်း မိုးရွာသွန်းမှု အခြေအနေ(ဇူလိုင် ၂ဝ ရက် မြန်မာစံတော်ချိန် နံနက် ဝ၃း၃ဝ နာရီအထိ) နှင့် INVEST SYSTEM များ ဖြစ်ပေါ်မှု အခြေအနေကို ဖေါ်ပြထားပါသည်။

၂၄ နာရီ မိုးရွာသွန်းမှု အခြေအနေ Data များကို ပုံဖေါ်ရရှိချက်အရ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု အခြေအနေ နည်းပါးပြီး မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် ဒေသအချို့တွင် မိုးများခဲ့ကြောင်း တွေ့ရပါသည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့  နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်ချက်) အား အောက်တွင် တင်ပြထားပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေဆက်လက်အားကောင်းနေမည်။

 

20JUL-0330MST-SYSTEMS-24HR-RAIN

You must be logged in to post a comment.