တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး ရေကြီးနိုင်

မေလ ၂၁ ရက် မြန်မာစံတော်ချိန် ည ၂၂း၃ဝ နာရီတွင် ရရှိသည့် MTSAT LOW CLOUD ဂြိုလ်တုဓါတ်ပုံတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ မုတ္တမကွေ့နှင့် တနင်္သာရီတိုင်းဒေသကြီးတောင်ပိုင်းတို့၌ ဖြစ်ပေါ်နေသည့် တိမ်ထုအခြေအနေကို ပုံတွင် တွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)မှ ည ၇ နာရီအချိန် ထုတ်ပြန်ချက်တွင်လည်း မနက်ဖန်ညနေအထိ ခန့်မှန်းချက်အဖြစ် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့၌ နေရာအနှံ့အပြားမိုးရွာနိုင်ကြောင်း ခန့်မှန်းထားပြီး မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

TRMM မှ Flood Potential Using Hydrological Model တွင် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့၌ ရေကြီးနိုင်ကြောင်း ပုံဖေါ်ထုတ်ပြန်ထားသဖြင့် သတိပြုနိုင်ကြရန် တင်ပြအပ်ပါသည်။

21MAY-2230MST
Flood-potential-21MAY-24hr

နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ မေလ(၂၁)ရက်နေ့ ည(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရခိုင်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာစိတ်စိတ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး၊ မွန်ပြည်နယ်တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်၊

You must be logged in to post a comment.