ပစိဖိတ်သမုဒ္ဒရာမှ လေဖိအားနည်း-မုန်တိုင်းလှုပ်ရှားမှု နှင့် မြန်မာနိုင်ငံ မိုးလေဝသအခြေအနေ

ဧပြီလ (၃၀)ရက် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီတွင် ရရှိသည့် NexSat ဂြိုလ်တုဓါတ်ပုံတွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ကပ္ပလီပင်လယ်တောင်ပိုင်းတို့တွင် တိမ်ထုစုဖွဲ့မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း တွေ့ရပါသည်။ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ ဂူအမ်ကျွန်းတောင်ဘက် မိုင် ၁ဝဝဝ ကျော် ကွာဝေးသည့် ပင်လယ်ပြင်မှ လေဖိအားနည်းဆဲလ် 92W မှာ စုဖွဲ့မှု ပိုမိုကောင်းမွန်လာပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဂူအမ် ကျွန်းတောင်ဘက် မိုင် ၉ဝဝ ခန့် ပင်လယ်ပြင်သို့ ရောက်ရှိလာကြောင်း တွေ့ရပါသည်။ လေဖိအားနည်းဆဲလ် 92W နှင့် ကမ္ဘာ့တောင်ဘက်ခြမ်း သြစတေးလျတိုက် မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 23P(ZANE)တို့ကြောင့် အနောက်လေစီးကြောင်းကို ပိုမို အားကောင်းစေလျှက်ရှိကြောင်း တွေ့ရပါသည်။

ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မိုးလေဝသသတင်းအား အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာထားပါသည်။

နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ မွန်းလွဲ (၄း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ယနေနံနက်(၉း၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်။ နေ့အပူချိန်များမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် (၃) ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည်နေ့အပူချိန်များမှာ မြင်းခြံမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့ တို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ အောင်လံမြို့တွင် (၁.၁၈)လက်မ၊ခန္တီးမြို့တွင် (၁.၁၄)လက်မ၊ဘော်လခဲ့မြို့တွင် (၀.၃၅) နှင့် လွိုင်ကော်မြို့တွင် (၀.၂၈)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

 30apr_1400MST
 ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိပ်ထု အခြေအနေ(အပေါ်ပုံ)

ပစိဖိတ် အနောက်မြောက်ဒေသတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် 92W နှင့် သြစတေးလျတိုက်မြောက်ပိုင်း ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်း 23P(ZANE) (အောက်ပုံ)

 APR30-NWP

You must be logged in to post a comment.