မိုးရိပ်များ စတင်ပြသလာပြီဖြစ်သည့် မြန်မာ့မိုးလေဝသ အခြေအနေ

ဧပြီလ ၂၂ ရက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် ရရှိသည့် ဂြိုလ်တုတိမ်ပုံမှ တိမ်ထုစုဖွဲ့ ဖြစ်ပေါ်မှု အခြေအနေအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ဗီယက်နန်၊ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်မှ“တစ်ဆင့် ထိုင်းနိုင်ငံပေါ်သို့ ဖြတ်ကျော်လျှက် တောင်မှ မြောက်သို့ ရွေ့လျားဖြစ်ပေါ်လျှက်ရှိသည့် တိမ်တိုက်များ၊ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းသို့ ဖြတ်ကျော်ရွေ့လျားလျှက်ရှိသည့် တိမ်တိုက်များကို တွေ့မြင်နိုင်ပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ WRF ကွန်ပျူတာ မော်ဒယ်မှ လာမည့် ၇၂ နာရီ မိုးရွာသွန်းမှုခန့်မှန်းခြေပြ ပုံတွင်လည်း မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများသို့ မိုးရွာသွန်းနိုင်ခြေကို တွေ့မြင်နိုင်ပါသည်။

MMWeather Blog မှ မြန်မာနိုင်ငံမြို့ကြီးအချို့၏ မိုးလေဝသအခြေအနေပြ စာမျက်နှာ တွင်လည်း မိုးရွာသွန်းနိုင်ခြေများ ပြသလာပြီဖြစ်ကြောင်း တွေ့ရသည့်အတွက် နွေရာသီအပူဒဏ်ခံစားရလျှက်ရှိသော နိုင်ငံသူနိုင်ငံသားများအတွက် အေးချမ်းမည့် အရိပ်လက္ခဏာများ စတင်တွေ့မြင်နေရပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ – နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့ ည(၇း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။
ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။
လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာမည်။

 220412_0830MST
 22-4-13-r72

You must be logged in to post a comment.