လေဖိအားနည်းဆဲလ် 93W နှင့် 95W

ဇူလိုင်လ ၂၇ ရက် JTWC ရဲ့ ဂြိုလ်တုဓါတ်ပုံမှာ ပစိဖိတ်အနောက်မြောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာ လေဖိအားနည်းဆဲလ် ၂ ခု(93W နဲ့ 95W) ဖြစ်နေတာ တွေ့ရပြီး၊ အိန္ဒိယသမုဒ္ဒရာမှာတော့ လေဖိအားနည်းဆဲလ်အဆင့်တောင်မှ ဖြစ်ပေါ်ခြင်း မရှိတာတွေ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်က လေဖိအားနည်းဆဲလ် ၂ ခုမှာ 93W က မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ အဆင့် – MEDIUM အထိ ရှိနေပြီး၊ 95W ကတော့ LOW အဆင့်မှာသာ ရှိသေးတာကိုလဲ တွေ့ရပါတယ်။

93W – 27 Jul 2012 0000Z
Location: 12.2 133.1
Winds: 20 knots
Central Pressure: 1007 hPa

95W – 27 Jul 2012 0000Z
Location: 22.5 148.4
Winds: 15 knots
Central Pressure: 1010 hPa

 
 
မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများပေါ်တွင် တိမ်ထုစုဖွဲ့ ဖြစ်ပေါ်မှု အခြေအနေများ(အောက်ပုံ – refresh page to view updated clouds)
 

ဖိလစ်ပိုင်နိုင်ငံရဲ့ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းက စတင်ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းဆဲလ် အချို့ဟာ ပိုမိုအားကောင်းလာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း လေဖိအားနည်းရပ်ဝန်းအဆင့် ၉ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ဖြစ်ခဲ့တဲ့ 09W(SUPER TYPHOON VICENTE) ဆိုရင် အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီးအထိ ဖြစ်ခဲ့တာတွေ့ရပါတယ်။ အဲဒီ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ပစိဖိတ်အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းတွေ ဟာ ဂျပန်နိုင်ငံနဲ့ ကိုရီးယားကျွန်းဆွယ်ဘက်(အရှေ့နဲ့ အရှေ့မြောက်ဘက်) ကို ကွေ့သွားတာရှိသလို တောင်တရုတ်ပင်လယ်(အနောက်ဘက်) ကိုရွေ့လာပြီး တရုတ်ပြည်မကြီးရဲ့ အနောက်တောင်ဘက်ကမ်းခြေ၊ ဗီယက်နန်ကမ်းခြေတွေကို ခြိမ်းခြောက်ခဲ့တာတွေလဲ ရှိကြောင်း ပြီးခဲ့တဲ့ မုန်တိုင်းတွေ/လေဖိအားနည်းရပ်ဝန်းတွေရဲ့ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို ပြန်ပြီး သုံးသပ်တဲ့အခါ တွေ့ရပါတယ်။

မုန်တိုင်းအဆင့်ရောက်လာပြီး အရှေ့ဘက်ကိုပဲ သွားသွား၊ အနောက်ဘက်-တောင်တရုတ်ပင်လယ်ထဲကိုပဲ လာလာ သူ့ရဲ့ အကျိုးဆက်အဖြစ် ကျနော်တို့ မြန်မာ့ပင်လယ်ပြင်မှာ မုတ်သုံလေအား အတက်အကျတွေ ဖြစ်စေခဲ့တာ၊ အခုပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စူပါတိုင်ဖွန်းမုန်တိုင်း (VICENTE) အကြွင်းအကျန်များကြောင့် မြန်မာနိုင်ငံ အရပ်ရပ်မှာ နေရာကွက်ပြီး မိုးကြီးကာ မြစ်ရေတွေ မြင့်တက်လာခဲ့တာ၊ စိုးရိမ်ရေမှတ်တွေဆီရောက်လာတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

အခု အထက်မှာ ဖေါ်ပြခဲ့တာတွေကို အားလုံး သိရှိသုံးသပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။

အခု ပစိဖိတ်အနောက်မြောက်ပိုင်းမှာ ထပ်မံဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်များရဲ့ အခြေအနေကိုစောင့်ကြည့်ပြီး ဆက်လက်တင်ပြပေးသွားပါမယ်။

You must be logged in to post a comment.