မြန်မာ့ပင်လယ်ပြင်နှင့် မိုးလေဝသ အခြေအနေ

ဇွန်လ ၈ ရက် မနက် – ၇ နာရီခွဲမှာ တွေ့ရတဲ့ ဂြိုလ်တုဓါတ်ပုံအရ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ဒေသတွေပေါ်မှာ တိမ်ထုစုဖွဲ့မှု အား ဆက်လက်ကောင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။(ပုံ-၁)

မနေ့က(ဇွန်လ ၇ ရက် ညနေပိုင်းမှာ) သုံးခွ မြို့နယ်၊ တံတားမြို့ဘက်မှာ လေပြင်းတိုက်ပြီး မိုးရွာတဲ့ အတွက် အိမ်အမိုးတွေ၊ စလောင်းတွေလန်ပြီး တချို့ အင်တင်နာ တိုင်တွေ ကျိုးကုန်တယ်၊ သစ်ကိုင်းတွေ ဓါတ်ကြိုးပေါ်ကျလို့ အခုထိ လျှပ်စစ်မီး ပြန်မရသေးဘူးလို့ ကြားရပါတယ်။

ဒီနေ့အတွက်လဲ Windshear Chart အရ အပေါ်မှာ ပြောခဲ့တဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ တစ်နာရီမိုင် ၂၀ မှ ၃၀ အထိ စိုက်ဆင်းလေပြင်း တိုက်ခတ်နိုင်ခြေရှိကြောင်း တွေ့ရပါတယ်။(ပုံ-၂)

မြန်မာနိုင်ငံအောက်ပိုင်းဒေသအတွက် ဇွန်လ ၈ ရက် နံနက် ၀၅၀၀ နာရီမှာ ဖြစ်ပေါ်နေတဲ့ မိုးတိမ်တွေ အခြေအနေအရ မိုးရွာသွန်းနိုင်ခြေ ခန့်မှန်း ပုံကိုလဲ အောက်မှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများအတွက်တော့ မိုးနည်းနေဦးမဲ့ အခြေအနေကို တွေ့နေရပါသေးတယ်။(ပုံ-၃)

မြန်မာနိုင်ငမြို့ကြီးအချို့ရဲ့ မိုးလေဝသ ခန့်မှန်းချက် data များကို World Weather Online မှ တိုက်ရိုက်ရယူတင်ပြပေးနေတဲ့ စာမျက်နှာနဲ့ မိုးရေချိန်နဲ့ ရေကြီး ဖြစ်နိုင်ခြေ ၇၂ နာရီ ခန့်မှန်းချက်များကို အောက်ပါ စာမျက်နှာများမှာ ကြည့်ရှုနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မြို့ကြီးအချို့၏ မိုးလေဝသ အခြေအနေ – http://mmweather.com/MMW2012/citiesweather.html
မိုးရေချိန်နှင့်ရေကြီးမှု ဖြစ်နိုင်ခြေ – http://blog.mmweather.com/2011/07/05/rainfall-flood-potential/

 
တိမ်ထုစုဖွဲ့ဖြစ်ပေါ်မှု အခြေအနေ(ပုံ-၁) အပေါ်နှင့် Windshear မြေပုံ(ဇွန်လ ၈ ရက် နံနက် ၈ နာရီ)(ပုံ-၂)အောက်ပုံ
 
 မိုးရွာသွန်းနိုင်မည့် အခြေအနေ(ဇွန်လ ၈ ရက် မြန်မာစံတော်ချိန် နံနက် ၅ နာရီမှ – ၂၄ နာရီ) (ပုံ-၃) – အောက်ပုံ
 

MMW Blog Mobile Link http://tinyurl.com/6h4nyso

 

You must be logged in to post a comment.