Madagascar ကျွန်းကို တရစ်ဝဲဝဲလုပ်နေတဲ့ တစ်ကျော့ပြန် GIOVANA

Madagascar ကျွန်းကို ဖေဖေါ်ဝါရီလ ၁၄ ရက်၊ မြန်မာစံတော်ချိန် မနက် ၅ နာရီခန့်မှာ အဆင့်-၄ ရှိတဲ့ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး GIOVANA(12S)ဟာ uျွန်းကို ခါးလည်ကဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်းကို ဖြတ်ကျော်တိုက်ခတ်စဉ်မှာ မုန်တိုင်းဗဟိုဟာ Madagascar ကျွန်းရဲ့ မြို့တော် Atananarivo ရဲ့ တောင်ဘက် ၁၇ မိုင်ခန့်မှ ဖြတ်သန်းသွားခဲ့ပါတယ်။ ဖေဖေါ်ဝရီ ၁၄ ရက် မြန်မာစံတော်ချိန် သန်းခေါင်ယံ မတိုင်မီမှာ ကျွန်းရဲ့ အနောက်ဘက် မိုဇမ်ဘစ်ရေလက်ကြား ပင်လယ်ပြင်ကို ဆင်းသွားခဲ့ပါတယ်။

မုန်တိုင်းဟာ မိုင် ၃၀၀ ကျော်ခရီးကို ၁၈ နာရီခန့် ဖြတ်သန်းသွားတာကြောင့် ပျမ်းမျှ တစ်နာရီ ၁၇ မိုင်နှုန်းခန့်နဲ့ ကျွန်းကို ဖြတ်ကျော်တိုက်ခတ်သွားခဲ့တာ ဖြစ်ပြီး ကုန်းတွင်းကို စတင်ဝင်ရောက်တိုက်ခတ်ချိန်မှာ အဆင့်-၄ ဆိုင်ကလုန်းမုန်တိုင်းမှ အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်း၊ အဲဒီကမှတစ်ဆင့် လေဖိအားနည်းရပ်ဝန်း အဆင့်ကို လျှင်မြန်စွာ အားနည်းသွားခဲ့ပါတယ်။

မိုဇမ်ဘစ်ရေလက်ကြား ပင်လယ်ပြင်ကို ဆင်းသက်ပြီးတဲ့နောက်  တောင်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ပြီး ကျွန်းရဲ့တောင်ဘက်ကိုရောက်တော့ အရှေ့ဘက်ကို ပြန်ကွေ့ပြီး ကျွန်းအနားက မခွာနိုင်ဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း GIOVANA ဟာ ဖေဖေါ်ဝါရီလ ၁၉ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်း ပြန်ဖြစ်လာပြန်ပါပြီ။ နောက်ဆုံး ဖေဖေါ်ဝါရီ ၁၉ ရက် မြန်မာစံတော်ချိန်၁၈၃၀ နာရီမှာတော့ အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြန်လည်အားကောင်းလာတာ တွေ့ရပါတယ်။

WUND, TSR အစရှိတဲ့ ခန့်မှန်းချက်တွေအရ မုန်တိုင်းဟာ မြောက်ဘက်ကို ပြန်ကွေ့ပြီး ကျွန်းကို ပတ်နေတာတွေ့ရတဲ့ အတွက် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းက ၂၀၁၂ ခုနှစ်အတွက် ၇ လုံးမြောက် ထူးခြားတဲ့ မုန်တိုင်း တစ်ခု အဖြစ် မှတ်တမ်းတင်စရာ ဖြစ်လာပါတယ်။

Tropical Cyclone 12S GIOVANNA – 19 Feb 2012 1200Z
Location: -26.0 50.5
Winds: 85 knots (Category 2)
Central Pressure: 959 hPa

Winds in knots, pressure in millibars, category is based on Saffir-Simpson scale.

# Name Date Wind Pres Cat
1 Cyclone-2 BENILDE 28 DEC-04 JAN 85
2 Tropical Storm CHANDA 07-08 JAN 35 -
3 Tropical Storm HEIDI 10-11 JAN 55 -
4 Cyclone-1 ETHEL 19-22 JAN 75 1
5 Cyclone-4 FUNSO 19-28 JAN 120 4
6 Cyclone-1 IGGY 25 JAN-02 FEB 65 1
7 Cyclone-4 GIOVANNA 09-19 FEB 125 4 Active
8 Tropical Storm THIRTEEN 14-19 FEB 50 - Active

 

 

  13 Feb 2012 0600Z
Location: -18.3 52.7
Winds: 125 knots (Category 4)
Central Pressure: 929 hPa
 ဖေဖေါ်ဝါရီလ ၁၃ ရက်၊ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီတွင် တွေ့မြင်ရသည့် အဆင့်-၄ ဆိုင်ကလုန်းမုန်တိုင်း GIOVANA – Madagascar ကျွန်းသို့ ဝင်ရောက်တိုက်ခတ်ခါနီး နာရီပိုင်းအလိုတွင် တွေ့မြင်ရပုံ(အပေါ်) နှင့် ဖေဖေါ်ဝါရီ ၁၉ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် တွေ့မြင်ရသော အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်း အခြေအနေ(အောက်) ကိုတွေ့မြင်ရပုံ
  19 Feb 2012 1200Z
Location: -26.0 50.5
Winds: 85 knots (Category 2)
Central Pressure: 959 hPa

MMW Blog Mobile Link http://tinyurl.com/6h4nyso

1 comment to Madagascar ကျွန်းကို တရစ်ဝဲဝဲလုပ်နေတဲ့ တစ်ကျော့ပြန် GIOVANA

  • mmweather.ygn

    ၁၉ ရက်နေ့က ခန့်မှန်းထားသလို မြောက်ဘက်ကို တက်သွားမယ်လို့ ထင်ရတဲ့ GIOVANNA ဟာ အရှေ့ဘက်ကို ဆက်လက်ရွေ့လျားခဲ့ကြောင်း တွေ့ရပါတယ်။ မုန်တိုင်းရဲ့ အားကတော့ အရင် ခန့်မှန်းတဲ့ အတိုင်း ကျသွားပြီး CAT-1 အဆင့်သို့ ရောက်သွားပါတယ်။

    Tropical Cyclone 12S GIOVANNA
    20 Feb 2012 0000Z
    Location: -26.2 53.2
    Winds: 65 knots (Category 1)
    Central Pressure: 974 hPa

    TSR က ခန့်မှန်းချက်မှာတော့ မုန်တိုင်း GIOVANNA ဟာ လာမဲ့ ၄၈ နာရီ ဖေဖေါ်ဝါရီ ၂၂ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီအထိ ဆက်လက်တည်ရှိဦးမှာ ဖြစ်ပြီး တောင်ဘက်ကို ဆက်လက် ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ တောင်ဘက်ကို ဆက်လက်ရွေ့လျားရင်း မုန်တိုင်း အဆင့်ကလဲ အပူပိုင်းမုန်တိုင်းအဆင့်သို့ ဆက်လက် ကျသွားမှာဖြစ်ကြောင်း တင်ပြထားပါတယ်(အောက်ပုံ)

Leave a Reply

 

 

 

You can use these HTML tags

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*