မာဒါးဂတ်စကားကျွန်းအား တိုက်ခတ်တော့မည့် CAT4 စူပါဆိုင်ကလုန်းမုန်တိုင်း 12S

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သည့် အပူပိုင်း မုန်တိုင်း 12S သည် တဖြည်းဖြည်းပိုမိုအားကောင်းလာပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၊ Madagascar ကျွန်းအား ၂၀၁၂ ခုနှစ် မုန်တိုင်းရာသီတွင် ပထမဦးဆုံး အဆင့်-၄ စူပါဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ဝင်ရောက်တိုက်ခတ်တော့မည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းကြီး GIOVANNA သည် နောက်ဆုံးရရှိသည့် အခြေအနေသတင်းများအရ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၁၄၅ မိုင်မှ ၁၇၀ မိုင်နှုန်းအထိရှိသော အလွန် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိနေပါသည်။ မုန်တိုင်းအရွယ်အစားမှာ ခန့်မှန်း အချင်း မိုင် ၆၀၀ ခန့်ရှိသည့် အလွန်ကြီးမားသော အရွယ်အစားဖြစ်ပါသည်။ မုန်တိုင်းဗဟိုတွင် မုန်တိုင်း ဒီလှိုင်းအမြင့် ၂၈ ပေ အထိရှိမည်ဟု JTWC မှ သတိပေးထုတ်ပြန်ချက်တွင် ဖေါ်ပြထားပြီး၊ Madagascar ကွန်းကို ဖြတ်ကျော်တိုက်ခတ်ပြီးသည့်အခါ မိုဇမ်ဘစ်ရေလက်ကြားသို့ ဆက်လက်ဖြတ်ကျော်ကာ၊ အာဖရိကတိုက် အရှေ့တောင်ကမ်းခြေနိုင်ငံဖြစ်သည့်  မိုဇမ်ဘစ်နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်ဦးမည်ဟု ခန့်မှန်းထားပါသည်။

 
 ဖေဖေါ်ဝါရီ ၁၃ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံ(အပေါ်) နှင့် မုန်တိုင်း ကမ်းခြေအား ဖြတ်ကျော်တိုက်ခတ်စဉ် ဖြစ်ပေါ်နိုင်သည့် လေပြင်းတိုက်ခတ်ခံရမှု အခြေအနေခန့်မှန်းချက်(TSR) (အောက်ပုံ)
 

MMW Blog Mobile Link http://tinyurl.com/6h4nyso

4 comments to မာဒါးဂတ်စကားကျွန်းအား တိုက်ခတ်တော့မည့် CAT4 စူပါဆိုင်ကလုန်းမုန်တိုင်း 12S

  • mmweather.ygn

    Tropical Cyclone 12S GIOVANNA
    13 Feb 2012 0600Z
    Location: -18.3 52.7
    Winds: 125 knots (Category 4)
    Central Pressure: 929 hPa

    မုန်တိုင်းဗဟို(ထင်ထင်ရှားရှားမြင်နေရတဲ့ မျက်စေ့)ဟာ ကမ်းခြေနှင့် မိုင် ၂၀၀ ကျော်ကျော်၊ မာဒါးဂတ်စကားမြို့တော် Antananarivo ရဲ့ အရှေ့ဘက် မိုင် ၃၄၀ ခန့်သာ ဝေးတော့တာတွေ့ရပါတယ်၊
    မုန်တိုင်း အချင်းဝက်က မိုင် ၃၀၀ နီးပါးရှိနေတာကြောင့် အခုဆိုရင် မုန်တိုင်း အဖျားပိုင်းဟာ မာဒါးဂတ်စကားဒကျွန်းရဲ့ ကမ်းခြေမှစပြီး တိုက်နေပါပြီ။

  • mmweather.ygn

    ဖေဖေါ်ဝါရီလ ၁၄ ရက်၊ မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီမှာရတဲ့ NRL data အရ ဆိုင်ကလုန်းမုန်တိုင်း GIOVANA ဟာ မဒါဂတ်စကားကျွန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ ဆက်လက် ဖြတ်ကျော်နေဆဲ ဖြစ်ပါတယ်။ အခု ဖြတ်ကျော်နေဆဲ အဆင့်-၂ (CAT-2) အခြေအနေမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၁၀ မှ ၁၃၀ အထိရှိကြောင်းသိရပါတယ်၊ မုန်တိုင်းဟာ အပူပိုင်းမုန်တိုင်းအဆင့်အထိ အားလျော့သွားမှာ ဖြစ်ပြီး၊ မိုဇမ်ဘစ်ရေလက်ကြား၊ ပင်လယ်ရေပြင်ပေါ်ကို ပြန်လည်ဆင်းသက်ပြီးမှ မိုဇမ်ဘစ်နိုင်ငံ တောင်ပိုင်းကို တစ်ခါ ဖြတ်ကျော်ဝင်ရောက်ဦးမှာ ဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။

    Tropical Cyclone 12S GIOVANNA
    14 Feb 2012 0000Z
    Location: -19.1 48.7
    Winds: 95 knots (Category 2)
    Central Pressure: 952 hPa

  • mmweather.ygn

    Very intense tropical cyclone Giovanna struck Madagascar at about 20:00 GMT on 13 February.
    Madagascar ကို အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း GIOVANA တစ်နာရီ ၂၃၁ ကီလိုမီတာ(၁၄၃ မိုင်နှုန်း)နဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ၂နာရီခွဲမှာ ဝင်ရောက်တိုက်ခတ်သွားခဲ့ကြောင်း သတင်းတော့ တက်လာပါပြီ။

    ကုန်းတွင်းကို ဖြတ်ကျော်တိုက်ခတ်စဉ်မှာ အဆင့်-၄(CAT-4) နဲ့ ဝင်ရောက်တိုက်ခတ်သွားကြောင်း၊ တချို့ ကမ်းခြေနဲ့ နီးတဲ့ ဒေသတွေမှာ မြေပြင်အနေအထားက ပင်လယ်ရေမျက်နှာပြင်အထက် ၁၀ ပေခန့်သာရှိတာကြောင့် ရေလွှမ်းမိုးမှု အကြီးအကျယ်ဖြစ်နိုင်ကြောင်းလဲ ဖေါ်ပြထားတာတွေ့ရပါတယ်။

    Very intense tropical cyclone Giovanna struck Madagascar at about 20:00 GMT on 13 February.Data supplied by theUS Navy and Air Force Joint Typhoon Warning Centersuggest that the point of landfallwasnear19.0 S,49.6 E.Giovanna brought 1-minute maximum sustained winds to the region of around231 km/h (143 mph).Wind gusts in the area mayhave beenconsiderably higher.

    According to the Saffir-Simpson damage scale the potential property damage and flooding from a storm ofGiovanna’sstrength (category 4)at landfall includes:

    Storm surge generally 4.0-5.5 metres (13-18 feet) above normal.
    Curtainwall failures with some complete roof structure failures on small residences.
    Shrubs, trees, and all signs are blown down.
    Complete destruction of mobile homes.
    Extensive damage to doors and windows.
    Low-lying escape routes may be cut by rising water 3-5 hours before arrival of the centre of the storm.
    Major damage to lower floors of structures near the shore.
    Terrain lower than 3 metres (10 feet) above sea level may be flooded requiring massive evacuation of residential areas as far inland as 10 km (6 miles).

    There is also the potential for flooding further inland due to heavy rain.

    http://www.trust.org/alertnet/news/very-intense-tropical-cyclone-giovanna-struck-madagascar-at-about-2000-gmt-on-13-february

  • mmweather.ygn

    ရှေ့က တစ်လုံး(12S – GIOVANA) ကုန်းတွင်းဝင်နေတုန်း နောက်က တစ်လုံး(13S – THIRTEEN)က လိုက်လာနေတာတွေ့ရတော့ အာရေဗျပင်လယ်တောင်ပိုင်းက မာဒါးဂတ်စကား ကျွန်းနိုင်ငံလဲ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း က ဖိလစ်ပိုင်နိုင်ငံလိုပဲ ဖြစ်နေပြီလို့တောင် ထင်ရပါတယ်။

    နဲနဲတော့ ဝေးနေသေးပေမဲ့ လမ်းကြောင်းကတော့ ရှေ့က 12S နောက်ကို လိုက်မဲ့ ပုံပါဘဲ … သူကလဲ တဖြည်းဖြည်း အားတော့ ကောင်းလာဦးမယ်လို့ WUND က ၅ ရက်အတွက် ကြိုတင် ခန့်မှန်းထားတဲ့ ပုံမှာ တွေ့နေရပါတယ်။
    Tropical Cyclone 13S THIRTEEN
    14 Feb 2012 0600Z
    Location: -13.6 90.7
    Winds: 40 knots
    Central Pressure: 993 hPa

Leave a Reply

 

 

 

You can use these HTML tags

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*