ရုတ်တရက် အားကောင်းလာခြင်း နှင့် ရုတ်တရက် အားအလွန်ကောင်းလာခြင်း – ဟူသည့် ဝေါဟာရကို မိုးလေဝသ ဘာသာရပ်တွင် Rapid Deepening and Explosive intensification ဟု ခေါ်ဆိုကြောင်း ပြီးခဲ့ ရက်ပိုင်းအတွင်းကမှ Wikipedia တွင် ရှာဖွေဖတ်ရှုလိုက်ရပါသည်။
သို့နှင့် ဆက်လက်လေ့လာကြည့်သောအခါ မုန်တိုင်းများဖြစ်ပေါ်သည့် အချိန်၌ စိတ်ဝင်စားစရာကောင်းပြီး၊ သတိပြုရမည့် “ရုတ်တရက် အားကောင်းရာမှ အားအလွန်ကောင်းလာသော အခြေအနေ” ကို ရှင်းလင်းရေးသားထားကြောင်း တွေ့ရှိရသဖြင့် မြန်မာဘာသာသို့ ပြန်ဆိုတင်ပြလိုက်ပါသည်။
Rapid Deepening ဟူသည် မိုးလေဝသဘာသာတွင် မြန်မာလိုတိုက်ရိုက်ဝေါဟာရ ရှိ/မရှိ မသိပါ – ရုတ်တရက် အားကောင်းလာခြင်း ဟု သဘောပေါက်ပါသည်။
အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသမှ ၂၄ နာရီအတွင်း ဖိအား ၄၂ မီလီဘားအထိ ကျဆင်းမှု ဖြစ်ပေါ်လျှင် မုန်တိုင်းတစ်ခု ရုတ်တရက် အားကောင်းလာခြင်း ဟု သတ်မှတ်နိုင်ကြောင်း ဖေါ်ပြထားပါသည်။
Rapid deepening, also known as rapid intensification, is a meteorological condition that occurs when the minimum sea-level atmospheric pressure of a tropical cyclone decreases drastically in a short period of time. The National Weather Service describes rapid deepening as a decrease of 42 millibars in less than 24 hours. However, this phrase is liberally applied to most storms undergoing rapid intensification.
ရုတ်တရက်အားကောင်းလာခြင်း(Rapid intensification) အခြေအနေထက် ပိုမိုဆိုးရွားသည့် အလွန်အမင်း မြန်ဆန်စွာ အားကောင်းလာခြင်း(Explosive Intensification) ဟူသည့် အခြေအနေတစ်ရပ်သည်လည်း ရှိသေးကြောင်း၊ ထိုအခြေအနေနှင့် စပ်လျဉ်း၍ နမူနာယူစရာ မုန်တိုင်းတစ်ခုအဖြစ် အိန္ဒိယ သမုဒ္ဒရာမြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှ စတင်ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံအား တိုက်ရိုက်ဝင်ရောက်တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်း ဂီရိ ကို နမူနာပြထားကြောင်း မှတ်သားရပါသည်။
Necessary conditions:
ရုတ်တရက် အားကောင်းလာခြင်း (Rapid Deepending) - ဖြစ်လာစေနိုင်သည့် အချက်များတွင် အောက်ပါတို့သည် အဓိက ပါဝင်ပါသည် -
- ပင်လယ်ရေမျက်နှာပြင်အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်(၈၆ ဒီဂရီ ဖါရင်ဟိုက်) နှင့် အထက် ရှိရပါမည်
Water temperatures must be extremely warm (near or above 30°C, 86°F) water of this temperature must be sufficiently deep such that waves do not churn deeper cooler waters up to the surface. - Wind shear(စိုက်ဆင်းလေအား) နည်းရပါမည်၊ ပြတ်ဆင်းလေစီးကြောင်း(သို့မဟုတ်)စိုက်ဆင်းလေစီးကြောင်း အား များလျှင် မုန်တိုင်းဗဟိုမှ လေထုလည်ပတ်မှုကို ပျက်စီးစေသဖြင့် ဆိုင်ကလုန်းမုန်တိုင်းသည်လည်း အားလျော့/အားပျော့သွားမည်ဖြစ်ပါသည်။
Wind shear must be low; when wind shear is high, the convection and circulation in the cyclone will be disrupted. - ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်နေသည့် နေရာ၏ အထက် Troposphere အလွှာရှိ လက်ကျာရစ်လေစီးကြောင်း(anticyclone လေစီးကြောင်း) သည် တည်ရှိနေရမည်ဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်တွင် အလွန်အားနည်းသော ဖိအားဖြစ်ပေါ်လာစေရန် မုန်တိုင်းဗဟိုတွင်ရှိသောလေများကို အထက်သို့ အလွန်လျှင်မြန်စွာတက်စေမည့် အထက်လေစီးကြောင်း ဖြစ်ပေါ်စေရန် အတွက် Troposphere အလွှာရှိ မုန်တိုင်းလေစီးကြောင်းလားရာနှင့် ဆန့်ကျင်ဘက်(လက်ျာရစ်) လေစီးကြောင်းက ကူညီပေးပါသည်။
Usually, an anticyclone in the upper layers of the troposphere above the storm must be present as well — for extremely low surface pressures to develop, air must be rising very rapidly in the eyewall of the storm, andan upper-level anticyclone helps channel this air away from the cyclone efficiently.
ရုတ်တရက် အားအလွန်ကောင်းလာခြင်း (Explosive intensification)
- ရုတ်တရက် အားအလွန် ကောင်းလာသည့် အခြေအနေကို တစ်နာရီအတွင်း ဗဟိုဖိအား ၂.၅ မီလီဘား(0.074 inHg) ကျဆင်းလျှင် သတ်မှတ်ကြောင်း သိရပါသည်။
- ၂၀၀၈ ခုနှစ်အတွင်းက အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဖြစ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းကြီး IKE သည် ၃ နာရီအတွင်း ၂၄ မီလီဘား အထိ ဖိအားကျဆင်းခဲ့ပြီး၊ ၂၀၁၀ ခုနှစ်အတွင်းကဖြစ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်း IGOR နှင့် ဖြစ်တောင့်ဖြစ်ခဲ အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်မှ စတင်ဖြစ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြီး ဂီရိသည်လည်း တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရပါသည်။ ဆိုင်ကလုန်းမုန်တိုင်းကြီး ဂီရိနှင့်ပတ်သက်၍ တိုက်ရိုက် ဖိအားတိုင်းတာမှတ်တမ်းတင်ခြင်း မရှိခဲ့သော်လည်း ဂြိုလ်တုမှ ရရှိသည့် အချက်အလက်များအပေါ် အနီးစပ်ဆုံး ရယူတွက်ချက်ခဲ့ကြောင်း The National Weather Service မှ ရေးသားထားသည့် စာတွင် လေ့လာရပါသည်။
ထို့အပြင် အခြားမှတ်သားစရာများအဖြစ် -
- ၁၉၈၃ ခုနှစ်က တိုင်ဖွန်းမုန်တိုင်း FORREST သည် ၂၄ နာရီအတွင်း ဖိအား ၉၇၆ မီလီဘားမှ ၈၇၆ မီလီဘားအထိ ကျဆင်းခြင်းကိုလည်းကောင်း၊
- ၂၀၀၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်း WILMA သည် ၂၄ နာရီအတွင်း (၆ နာရီအတွင်း ၅၃ မီလီဘား အထိ ဖိအားကျဆင်းခြင်း အပါအဝင်) ဖိအား ၉၈၁ မီလီဘားမှ ၈၈၂ မီလီဘားအထိလည်းကောင်း၊
- KATRINA နှင့် RITA မုန်တိုင်းများသည်လည်းကောင်း “ရုတ်တရက် အင်အားကောင်းလာသောမုန်တိုင်းများ” စာရင်းဝင်ခဲ့ကြောင်း သိရပါသည်။
- ၂၀၀၆ ခုနှစ်တွင် တိုင်ဖွန်းမုန်တိုင်း CHEBI သည် ၂၄ နာရီအတွင်း ၇၅ မီလီဘားအထိ ဗဟိုဖိအား ကျဆင်းခဲ့ပြီး သတိပေးချက် တစ်ခုအတွင်းမှာပင် အပူပိုင်းမုန်တိုင်းအဆင့်မှ အဆင့်-၄ အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းကြီးအဖြစ် ရောက်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရပါသည်။
- ၂၀၁၀ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြီး ULUI သည် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဆင့်မှ အဆင့်-၅ ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
မိုးလေဝသပညာရှင်များအနေဖြင့် ဤဖြစ်စဉ်ကို သတိပြုမိမည့်အပြင် သင်ကြားရသည့် ဘာသာရပ်များတွင်လည်း ပါဝင်ပြီးဖြစ်လိမ့်မည်ဟု ယူဆပါသည်၊ သို့သော် မိုးလေဝသပညာနှင့် စိမ်းသော ပြည်သူလူထုအတွက် Rapid Deepening and Explosive intensification ဆိုသည်မှာ အမှတ်မဲ့ သတိမပြုမိသော မိုးလေဝသ ဝေါဟာရများအဖြစ် တည်ရှိနေဦးမည်ဟု ထင်မြင်သဖြင့် ဤဆောင်းပါးဖြင့် ရေးသားတင်ပြရခြင်းဖြစ်ပါသည်။
လာမည့် ၂၀၁၂ မုန်တိုင်းရာသီတွင် မိုးလေဝသ ကြေငြာချက်များ၌ မုန်တိုင်းဖြစ်လာလျှင် မုန်တိုင်း၏ ဗဟိုဖိအားကိုလည်း တွက်ချက်မှတ်တမ်းပြု တင်ပြပေးခြင်းဖြင့် ပြည်သူလူထုမှ မုန်တိုင်းပြင်းအားမည်မျှ ရှိလာနိုင်မည်၊ မည်သည့် အတိုင်းအတာအထိ အကာအကွယ်/ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်သည် စသည်ဖြင့် နားလည်သဘောပေါက်လာမည်ဟု မျှော်လင့်မိပါသည်။
ဆိုင်ကလုန်းမုန်တိုင်းကြီး ဂီရီ ဖြစ်ပေါ်ပြောင်းလဲပြီး ရုတ်တရက် အလွန်အမင်း အင်အားကောင်းလာပုံကို Wikipedia တွင် အောက်ပါအတိုင်း တင်ပြထားပါသည် -
- Tracking over an area of high sea surface temperatures, rapid intensification ensued during the latter half of October 21.
- Following the development of very intense convection, with estimated cloud top temperatures between -70 and -80 °C (-94 and -112 °F), Giri strengthened into a severe cyclonic storm, having sustained winds of at least 95 km/h (60 mph 3-minute sustained).
- Around 1800 UTC, the JTWC estimated that the system intensified into a Category 1 equivalent cyclone on the Saffir–Simpson Hurricane Scale.
- Early on October 22, Giri further strengthened into a very severe cyclonic storm as it slowly moved towards the central coast of Myanmar.
- Throughout the day, the storm underwent explosive deepening, attaining winds of 240 km/h (145 mph 1-minute sustained) by 0900 UTC.
- Satellite imagery depicted a well-defined 46 km (29 mi) wide eye surrounded by deep convection.
- Accompanied by strong poleward outflow, additional strengthening took place despite Giri’s proximity to land.
NRL မှ data များတွင်လည်း -
(၁၈) နာရီအတွင်း ဖိအား 52 hPa (or) 39.0033 mmHg (or) 1.5356 inHg (or) 0.0513 atm-Standard Atmosphere ကျဆင်းသွားခဲ့သည်ကို တွေ့ရပါသည်။Tropical Cyclone 04B GIRI (19 Oct 2010 1200Z to 24 Oct 2010 0000Z)
21 Oct 2010 1800Z (၂၀၁၀ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် – မြန်မာစံတော်ချိန် ၀၀၃၀ နာရီ)
Location: 18.3 92.5
Winds: 65 knots (Category 1)
Central Pressure: 974 hPa22 Oct 2010 0000Z (၂၀၁၀ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် – မြန်မာစံတော်ချိန် ၀၆၃၀ နာရီ)
Location: 18.5 92.6
Winds: 85 knots (Category 2)
Central Pressure: 959 hPa22 Oct 2010 0600Z (၂၀၁၀ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် – မြန်မာစံတော်ချိန် ၁၂၃၀ နာရီ)
Location: 18.9 93.0
Winds: 100 knots (Category 3)
Central Pressure: 948 hPa22 Oct 2010 1200Z (၂၀၁၀ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် – မြန်မာစံတော်ချိန် ၁၈၃၀ နာရီ)
Location: 19.8 93.4
Winds: 135 knots (Category 4)
Central Pressure: 922 hPa
ဆိုင်ကလုန်းမုန်တိုင်း ဂီရိ 04B(2010) နှင့် စပ်လျဉ်း၍ MMW မှ ရေးသားတင်ပြထားသည့် Articles များ
ကိုးကား – http://en.wikipedia.org/wiki/Rapid_deepening
MMW Blog Mobile Link http://tinyurl.com/6h4nyso



