ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် တုံကင်ပင်လယ်ကွေ့ကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း NALGAE(22W)ဟာ ဒီနေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ရရှိတဲ့ data များအရ ဗီယက်နန်နိုင်ငံ QUANG BINH ပြည်နယ် – DONG HOI CITY ရဲ့ အရှေ့မြောက်ဘက် ၁ဝ၅ မိုင်ခန့်အကွာ တုံကင် ပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်း အနောက်တောင်ဘက်ကို တစ်နာရီ ၆ မိုင်နှုန်းခန့်နဲ့ ရွေ့လျားနေပါတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်သွားတဲ့ NALGAE ရဲ့ ဗဟို ဟာ လာမဲ့ ၂၄ နာရီအတွင်း အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မတိုင်မီမှာ ဗီယက်နန်ကမ်းခြေကို QUANG BINH ပြည်နယ်၊ DONG HOI CITY နဲ့ HA TINH ပြည်နယ် HA TINH မြို့ ၂ မြို့ရဲ့ ကြားက ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

အောက်တိုဘာလ ၅ ရက် နံနက် မြန်မာစံတော်ချိန် ၈ နာရီမှာ တွေ့ရတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ်အားလျော့သွားသော NALGAE တိမ်တိုက်ကြီး ဗီယက်နန်ကမ်းခြေသို့ ဦးတည်ရွေ့လျားလျှက်ရှိသည့် ဂြိုလ်တုဓါတ်ပုံ ဖြစ်ပါသည်။
လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့သွားတဲ့ အတွက် ဗီယက်နန်ကမ်းခြေကို လေပြင်းတိုက်ခတ်ခံရမဲ့ အန္တရာယ်က လျော့ပါးသွားပေမဲ့ မိုးရွာသွန်းမှုတွေကဗီယက်နန်နိုင်ငံ ကမ်းခြေကို NALGAE ဖြတ်ကျော်ဝင်ရောမဲ့ ဒေသအနီးက QUAN TRI ပြည်နယ် DONG HA မြို့ အနီးတစ်ဝိုက်မှာ မိုးရေချိန် ၅ လက်မ မှ အထက်တွေချည်း ရွာသွန်းခဲ့တာ တွေ့ရပါတယ်။ ဒါနန်းလေဆိပ်အနီးမှာလဲ မိုးရေချိန် ၈.၇၄ လက်မအထိ အောက်တိုဘာလ ၄ ရက် – 1800UTC မှ အောက်တိုဘာလ ၅ ရက် 0237UTC အချိန်အတွင်းမှာ ရွာသွန်းခဲ့တာတွေ့ရပါတယ်။

Areas with Severe Flood Potential on 10/04/2011 1800Z – Analysis generated at 10/05/2011 0237Z

COUNTRY WATER LEVEL & Latitude/Longitude NEARBY LOCATION
Vietnam     146mm         16.88 107.12     ~ 79.31km from HUE/PHUBAI 16.40 107.68 (၅.၇၄ လက်မ)
Vietnam     203mm         16.62 107.12     ~ 64.08km from HUE/PHUBAI 16.40 107.68 (၇.၉၉ လက်မ)
Vietnam     222mm         16.12 108.12     ~ 11.18km from DA NANG INTL ARPT 16.03 108.18 (၈.၇၄ လက်မ)

လာမည့် ၂၄ နာရီအတွင်း (အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ တွင် ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည့် လမ်းကြောင်းပြပုံ
အောက်တိုဘာလ ၅ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် တွေ့မြင်ရသော မုန်တိုင်း NALGAE ၏ တိမ်တိုက်ကြီးကို MTSAT ဂြိုလ်တုမှ တွေ့မြင်ရသောပုံဖြစ်ပါသည်။ မုန်တိုင်းတိမ်တိုက်ကြီး၏ အရွယ်အစားမှာ အချင်း ၆၆၅ ကီလိုမီတာ၊ ၄၁၃.၂၁ မိုင်ရှိသော ကြီးမားသည့် အရွယ်အစားဖြစ်ပြီး အနောက် – အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။

အောက်တိုဘာလ ၆ ရက် နောက်ပိုင်း ဗီယက်နန်ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ပြီး ကျန်ရှိမည့် မုန်တိုင်း အကြွင်းအကျန်များသည် ကမ္ဘောဒီယား၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံ တို့သို့ ဆက်လက်ရွေ့လျားပြီး မိုးရွာသွန်းမှု များလာမည်ဟု ခန့်မှန်းရပါသည်။

1 comment to ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

  • mmweather.ygn

    မြန်မာနိုင်ငံ အလယ်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုး ဒေသတွေမှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း မိုးရွာသွန်းခဲ့မှု အခြေအနေကို တွေ့ရမည်ဖြစ်ပါသည် –


You must be logged in to post a comment.