တိုင်ဖွန်းမုန်တိုင်း NOCK-TEN နှင့် ဆက်လက်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေ

တိုင်ဖွန်းမုန်တိုင်း NOCK-TEN ဟာ အခု ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်လျှက်ရှိပြီးတောင်တရုတ်ပင်လယ်ထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ NOCK-TEN ရဲ့ လမ်းကြောင်း ကြိုတင်ခန့်မှန်းတွက်ချက်ထားမှုအရ အခုဇူလိုင်လ-၂၉ ရက်မှာ ဟိုင်နန်ကျွန်းကို တစ်ကြိမ်၊ ဇူလိုင် ၃၁ ရက်နေ့ခန့်မှာ ဗီယက်နန်နိုင်ငံမြောက်ပိုင်း ကမ်းခြေကို တစ်ကြိမ် – ကုန်းတွင်းကို ထပ်မံ ဖြတ်ကျော်ဝင်ရောက်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။

အဲသလိုဖြတ်ကျော်ဝင်ရောက်တိုက်ခတ်တဲ့ အချိန်တွေကျရင် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတွေကို မုန်တိုင်း အကြွင်းအကျန်များဝင်ရောက်လာပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်တစ်ခုလုံး၊ ကရင်ပြည်နယ်နဲ့ မွန်တနင်္သာရီဒေသတွေမှာ မိုးကြီးမဲ့ အခြေအနေရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်း တင်ပြရခြင်းဖြစ်ပါတယ်။

ဇူလိုင်လ ၃ဝ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ (00:00 UTC) မှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ခုမှ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပြီး၊ အိန္ဒိယနိုင်ငံဘက်ကို ရွေ့လျားနိုင်မယ်လို့ ကွန်ပျူတာမော်ဒယ်တွက်ချက်မှုမှာ တွေ့နေရတာ ရှိပါတယ်။ ဒီခန့်မှန်းတွက်ချက်မှု မှန်မယ်ဆိုရင် ဇူလိုင် ၃ဝ ရက် – ၃၁ ရက်နေ့တွေမှာ မြန်မာ့ပင်လယ်ပြင်၊ ကမ်းရိုးတန်းဒေသတွေမှာ မိုးလေပြင်းလာမဲ့ အခြေအနေရှိနေပါတယ်။

ကွန်ပျူတာမော်ဒယ်ရဲ့ ခန့်မှန်း တွက်ချက်မှုမှ ရတဲ့ ပင်လယ်ရေပြင်ညီ ဖိအားပြောင်းလဲမှု များကို အောက်မှာ တင်ပြထားပါတယ်၊ တစ်ပုံချင်းစီရဲ့ loading time ကို ၁ဝ စက္ကန့် လုပ်ထားတဲ့ အတွက် ပုံပေါ်မှာ နှိပ်ပြီးမြန်မြန်လေ့လာလို့ရအောင် စီစဉ်ထားပေးပါတယ်။

အခုလိုကြိုတင်ခန့်မှန်းတွက်ချက်မှုကို ပြုလုပ်ဖို့အတွက် ကျနော်တို့ MMW မှာ လေ့လာသင်ယူစရာတွေ အများကြီး ကျန်နေသေးတာကြောင့်
အခု ကြိုတင်ခန့်မှန်းခြင်းကို စမ်းသပ်ခန့်မှန်းတွက်ချက်ပြီး တင်ပြခြင်း အဖြစ်သာ မှတ်ယူစေလိုပါတယ်ဗျာ –

[slideshow id=13] ဇူလိုင် ၃ဝ ရက်နေ့ တွင် ရရှိနိုင်မည့် MSL Pressure ပြ ပုံ

You must be logged in to post a comment.