GFS003 model အားလေ့လာခြင်း

GFS model 003 ရဲ့ homepage ကို အရင် ဆုံးဖွင့်ကြည့်ဖို့ လင့်ပါ http://weather.uwyo.edu/models/fcst/index.html?MODEL=gfs003

Univesity of Wyoming ရဲ့ အဲဒီ GFS-003 model page ကို ဖွင့်လိုက်ရင် GFS MAP ဆိုတာရဲ့ အောက်မှာ ရွေးချယ်စရာ ၄ ခု –

  1. Initial time
  2. Region
  3. Forecast နဲ့
  4. Level တို့ ရှိပါတယ် –

အဲဒီမှာ အရင်ဆုံး Initial Time ကတော့ နောက်ဆုံးရတဲ့ အချိန် လက်ရှိပေါ်နေတဲ့ အချိန်ကို ပဲ ရွေးရမှာပါ ပြီးခဲ့တဲ့ အခြေအနေသိချင်ရင်တော့ အောက်က အချိန်တွေထဲက တစ်ခုခုပေါ့ဗျာ – တစ်ဆက်တည်းမှာပဲ Region ကို South East Asia ကို ရွေးလိုက်ပါ –

ပုံ(၁)
ပြီးတော့မှ Initial time ကနေ ဘယ်အချိန်တွေကို Forecast လုပ်ချင်လဲ – loop gif ယူချင်သလား စသည်ဖြင့် Forecast မှာ ရွေးလိုက်ပါ- ပုံမှာတော့ ကျနော် 6 Hours ကို ရွေးပေးထားပါတယ် –
ပုံ(၂)
နောက်တစ်ဆင့် အနေနဲ့ Level မှာ ကိုလိုချင်တဲ့ Level ကို ရွေးရပါမယ် – Level ကို ဖိအား ယူနစ် “Hectopascal A unit of pressure equal to a millibar (1 hPa = 1 mb). Abbreviated hPa.” နဲ့ ပြထားပါတယ် – ကျနော်ကတော့ ပုံမှာ Surface (ပင်လယ်ရေပြင်ညီ) ကို ယူထားပါတယ် –
ပုံ(၃)
နောက်ဆုံးအဆင့်အနေနဲ့ Vector တွေ ရွေးတဲ့ အခါ ကိုယ့်စိတ်ကြိုက် ရွေးနိုင်ပါတယ် ကျနော်ကတော့ ရှင်းရှင်း မြင်သာတဲ့ Streamlines ကိုရွေးထားပါတယ်- ကျနော်တို့ ရွေးပြီးသမျှကို ပြန်ကြည့်တဲ့ အခါ – Initial time မှာ အပေါ်ဆုံးက နောက်ဆုံးရတဲ့ အချိန် – Region မှာ South East Asia – Forecast မှာ Initial Time အပြီး ၆ နာရီ ဖြစ်တဲ့ 6 Hours – နောက်ဆုံး Level မှာ Surface နဲ့ Vector မှာ Streamlines ကိုတော့ရွေးပြီးပါပြီ။ အောက်က radio button လေးတွေမှာ ကျနော်က လေတိုက်နှုန်းကိုသာ ကြည့်ချင်တာမို့ –

First Color Fill မှာ Wind speed, Second color မှာဘာမှ မရွေး(None) နဲ့ First Contoor(ပထမ ဂရပ်) ကို Windspeed, Second Contour (ဒုတိယ ဂရပ်)ကို Sea Level Pressures ရွေးပြီးရင် “Get Data” ခလုတ်လေး ဆက်နှိပ်လိုက်တဲ့ အခါ –

ပုံ(၄)
အခုလို result ကို ရပါမယ် – ပြီးတော့မှ Forecast ကို ၁၂ နာရီ၊ ၁၈ နာရီ၊ ၂၄ နာရီ စသည်ဖြင့် ပြောင်းပြီး ကျန်တာတွေကို မပြောင်းပဲ ထွက်လာတဲ့ gif result တွေကို လိုသလို သိမ်းပြီး ကြည့်တဲ့ အခါ လာမဲ့ အချိန်တွေအတွက် ခန့်မှန်းချက်တွေ ရပါမယ်။ result ပုံရဲ့ အောက်မှာ UTC အချိန်တွေ ပါတာမို့ ကျနော်တို့ စံတော်ချိန်အတွက် ၆ နာရီခွဲ ပေါင်းပြီး ကြည့်လိုက်ရင် ရပါပြီ။

ဒီပုံကို မိုးလေဝသပညာရှင်တစ်ယောက်ဆိုရင်တော့ ပိုပြီး တိကျတဲ့ ခန့်မှန်းချက်တွေပေးနိုင်ပါလိမ့်မယ်ဗျာ။ ကဲ … ဒီလောက်ဆိုရင် Region, Forecast. Level, Vector နဲ့ အောက်က color fill , Contour တွေကို ထုတ်ပြီး ကြည့်နိုင်ပြီ ထင်ပါတယ်။

result

You must be logged in to post a comment.