ယန်ကျန်းငလျှင်..မြန်မာငါးဦးသေဆုံး။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ကျန်းခရိုင်တွင် ဗုဒ္ဓဟူးနေ့က အင်အား ၅.၄ ရစ်ချက်တာစကေးရှိ ငလျင်တခုလှုပ်ရာ သေဆုံးသူ ၃၅ ဦး ရှိသွားပြီး မြန်မာ ၅ ဦး အပါအဝင် ဒဏ်ရာရသူ ၁၃၅ ဦး ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့နှင့် မျက်မြင်သက်သေများက ပြောသည်။

မြန်မာနိုင်ငံနှင့် ကပ်လျက်တည်ရှိသော ယင်ကျန်းဒေသ ဒါလီမြို့တောင်ဘက် ကီလိုမီတာ ၂၂၅ အကွာကို ငလျင်ဗဟိုပြုကာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီက လှုတ်ခတ်သွားခြင်းဖြစ်သည်။ ဒဏ်ရာရသူ မြန်မာအားလုံး ဆေးရုံတွင် ကုသမှုခံယူခဲ့ပြီး စိုးရိမ်စရာမရှိဟု ပြောသည်။ ယင်ကျန်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁ဝဝဝ ခန့် အလုပ်လုပ်ကိုင်နေသည်။

ယင်ကျန်းခရိုင်ကယ်ဆယ်ရေးအဖွဲ့က လက်ကိုင်ဖုန်းများသို့ ပေးပို့သော သတင်းထုတ်ပြန်ချက်အရ သေဆုံးသူ ၃၅ ဦး ရှိသွားပြီး၊ ဒဏ်ရာရသူ ၁၃၅ ဦး ရှိပြီဟု ပါရှိသည်။ ဒေသခံများက မဇ္ဈိမကို ပြောကြားရာတွင် နေအိမ်အဆောက်အအုံ အများအပြား ပြိုကျသွားခဲ့ပြီး ယခုသတင်းပေးပို့ချိန်အထိ လျှပ်စစ်မီး ပြတ်တောက်နေကာ ရေပြတ်တောက်မှု မကြာခဏ ဖြစ်နေသည်ဟု ဆိုသည်။ တရုတ်ကယ်ဆယ်ရေးများက ရှာဖွေကူညီမှုများ ဆက်တိုက်လုပ်နေကာ၊ ခရိုင်အဆင့်သာမက အခြားကယ်ဆယ်ရေးအဖွဲ့များ၊ စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါ လုပ်အားပေးနေဆဲ ဖြစ်သည်။

2 comments to ယန်ကျန်းငလျှင်..မြန်မာငါးဦးသေဆုံး။

You must be logged in to post a comment.