နောက်ထပ်လူတွေနေနိုင်သည့် ကမ္ဘာတခုလော

နောက်ထပ်လူတွေနေနိုင်သည့်ကမ္ဘာတခုလော………………

View Full Size Image
ဒီအကြောင်းတရားကတော့ အံ့မခန်း တိုးတက်နေတဲ့ ကမ္ဘာကြီးက နောင်လာမဲ့ နောက်မျိုးဆက်သစ်တွေ ရဲ့ မြင့်မားတဲ့ နည်းပညာတွေနဲ့ ကိုလိုနီ နယ်ချဲ့ ဖို့အတွက် အခွင့်အရေးဖြစ်လာနိုင်မှာဖြစ်ပါတယ်။ နက္ခတ်တာရာ သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာနှင့် အလွန်တူတဲ့ ဂြိုလ်တစ်ခုကို ရှာဖွေတွေ့ရှိကြောင်း ကြေငြာထုတ်ပြန်ခဲ့ပါတယ်။ ထို ဂြိုလ်ကြီးဟာ ကမ္ဘာထက် ၃ဆ ကြီးပြီး ကမ္ဘာနှင့် အလင်းနှစ် ၂ဝ မိုင် ကွာဝေးတယ်လို့ဆိုပါတယ်။ တွေ့ရှိခဲ့တဲ့ ကမ္ဘာသစ်ကြီးဟာ စကြာဝဠာထဲက Goldilocks ဇုန်လို့ ခေါ်တဲ့ နေရာမှာ ရှိပါတယ်။ ထိုနေရာမှာလည်း ပူခြင်း၊ အေးခြင်းနှင့် ပင်လယ် မြစ်၊ချောင်းတွေ ရှိပါတယ်။ ထို့အပြင် ကမ္ဘာကြီးမှာ ရစ်ထားတဲ့ ဓါတ်ငွေ့တွေရှိသလို ထိုဂြိုလ်ကြီးကိုလဲ ရစ်ပါတ်ထားတဲ့ ဓါတ်ငွေ့တွေရှိနေခြင်း၊ ကမ္ဘာမြေကြီး ဆွဲငင်အား တူနေခြင်းတို့ကြောင့် သက်ရှိသတ္တဝါများ နေထိုင်လို့ ရနိုင်ပါတယ်။

ထို့ကြောင့်လဲ နက္ခတ္တဗေဒ သိပ္ပံပညာရှင်တွေက ယင်းဂြိုလ်ကြီးနဲ့ ပါတ်သက်ပြီး နဂါးငွေ့တန်း ထဲက ကျွန်ုပ်တို့ ရဲ့ အနောက်ဥယျာဉ်လို့ သုံးနှုန်းဖော်ပြခဲ့ပါတယ်။ ထိုအဖွဲ့ဟာ ကမ္ဘာနဲ့ တူတဲ့ ဂြိုလ်များကို ရှာဖွေနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ထိုဂြိုလ်ကြီးဟာ လည်း စင်္ကြာဝဠာကြည့် မှန်ပြောင်းနဲ့ ကြည့်ပါက သေးသေး လေးသာ မြင်ရတဲ့ Gliese 581 ဆိုတဲ့ အလွန်ဝေးကွာတဲ့ အနီရောင်ဂြိုလ်တစ်လုံးကို လှည့်ပါတ်နေတာ ဖြစ်ပါတယ်။ ကမ္ဘာနှင့်တူတယ်ဆိုတဲ့ ဂြိုလ်ကြီးကိုတော့ Gliese (g) လို့နာမည်ခေါ်ပြီး ကမ္ဘာမှ မိုင်ပေါင်း ၁၁၈,ဝဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ မိုင်(သို့) အလင်းနှစ်မိုင် ၂ဝ ထက်မက ပိုဝေးပြီးဝေးပါတယ်။

နောက်ဆုံးလေ့လာချက်များအရကတော့ Gliese 581 ကို ဂြိုလ် ၆ လုံး လှည့်ပါတ်နေတာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ နေအဖွဲ့အစည်းနှင့် လှည့်ပါတ်ပုံ စနစ်ခြင်းတူနေပြီး အများအားဖြင့်တော့ စက်ဝိုင်း သဏ္ဍာန်ပါတ်လမ်းအတိုင်း လှည့်ပါတ်ကြတာ ဖြစ်ပါတယ်။ လူနေနိုင်လို့ရမယ်လို့ ယူဆရတဲ့ ဂြိုလ်နှစ်ခုကို Goldilocks Zone မှာ အရင်ကတွေ့ခဲ့သော်လည်း ထိုဂြိုလ်များရဲ့ လှည့်ပါတ်မှု့များဟာ အစွန့်ရောက်မှု့တွေကြောင့် အလွန်ပူခြင်းဖြစ်နိုင်တဲ့ အနေအထားမှာရှိပါတယ်။ Gliese (g) ကတော့ ထိုနှစ်ခုရဲ့ အလယ် မှာကျရောက်နေခဲ့တာဖြစ်ပါတယ်။ Gliese (g)ရဲ့ အချင်းဟာ ကမ္ဘာချင်းထက် ၁.၂ မှ ၁.၄ အထိရှိနိုင်သလို ကမ္ဘာနှင့် ဆွဲငင်အားခြင်းတူတာကြောင့် Gliese (g)ဂြိုလ်ပေါ်မှာ တောင်တန်းတွေ ရှိခဲ့ရင်လည်း ကျွန်တော်တို့ အခက်အခဲမရှိ ဒီကမ္ဘာပေါ်မှာ လမ်းလျှောက်သလို တက်ရောက်လျှောက်လှမ်းလို့ ရနိုင်မှာဖြစ်ပါတယ်။ နက္ခတာရာ သိပ္ပံပညာရှင်တွေဟာ အရင်ကတွေ့ခဲ့တဲ့ Gliese 581 ပါတ်လည်မှာရှိခဲ့တဲ့ ဂြိုလ်ငါးလုံးကို b,c,e,d,f လို့နာမည်ပေးခဲ့ပြီး အခုနောက်ဆုံး တွေ့ခဲ့တဲ့ Gliese 581(g)လို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်ရဲ့ အမြန်နှုန်းနဲ့ ထိုဂြိုလ်သို့သွားပါက နှစ် ၂ဝဝ ကြာမယ်ဖြစ်ပါတယ်။

အလင်းလို မြန်တဲ့နှုန်းအတိုင်းသွားရင်တောင် နှစ် ၂ဝ ကြာမယ်ဆိုတော့လဲ လောလောဆယ်နည်းပညာတွေနဲ့ လုံးဝစဉ်းစားလို့မရပေမဲ့ နောက်ပေါ်လာမဲ့ နည်းပညာတွေနဲ့ ဆိုဖြစ်နိုင်ကောင်းဖြစ်နိုင်မှာပါ။ ကျွန်တော် စဉ်းစားမိတာတစ်ခုကတော့ ကမ္ဘာအပြင်ဖက် အာကာသထဲမှာ လေမရှိတဲ့အတွက် ပွတ်တိုက်အားနဲ့ မီးလောင်မှုဆိုတာ မရှိနိုင်ဘူးလို့ ထင်ပါတယ်။ ထို့ကြောင့်လည်း အလွန်မြန်တဲ့ယာဉ်တွေတီထွင်ပြီး ကမ္ဘာအပြင်ဖက်မှာ မောင်းနိုင်ကြမှာပါ။

အိုင်းစတိုင်းကတော့ လူတွေဟာ အလင်းထက်မြန်အောင်သွားနိုင်ခဲ့ပြီဆိုရင် မိမိတို့ရဲ့ အနာဂါတ်ကို ကြိုပြီးသိနေလိမ့်မယ်တဲ့…

င်္Ref: မြန်မာထူးဆန်းအံ့ဘွယ်မှကူးယူဖေါ်ပြပါသည်။

3 comments to နောက်ထပ်လူတွေနေနိုင်သည့် ကမ္ဘာတခုလော

  • mmweather.ygn

    စိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ post တစ်ခုပါဘဲ။ ဖေါ်ပြပေးတဲ့ HERONAING ကို ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။
    ကျနော်တို့ လူသားတွေအနေနဲ့ လက်ရှိအချိန်မှာတော့ အလင်းရဲ့မြန်နှုန်းထက် ပိုမြန်အောင်သွားလို့ မရသေးကြောင်းသိရပါတယ်။ အရှိန်နှုန်းမြင့်လာလေ အဲဒီနှုန်းနဲ့ ရွေ့လျားနေတဲ့ အရာဝတ္ထုရဲ့ထုထည်(အလေးချိန်)လဲ ပိုများလာလေဘဲလို့ အောက်ပါ ဖိုရမ်တစ်ခုမှာ ရှင်းပြထားတာကို မှတ်သားရပါတယ် …

    No physical object can travel faster than light. Let me prove it. Pls go through it carefully.
    According to Einstein (hope you believe in him)

    mv = m0/sqrt( 1 – (v^2/c^2) ) …… (1)

    Here m0 is the velocity of a body at rest. ‘mv’ is the velocity of the body at a velocity ‘v’. And ‘c’ is the speed of light.

    Now if sth has to travel faster than light then, here v > c.
    But if v > c then the value of (v^2/c^2) in (1) is greater than 1 and if that happens then we get a -ve integer inside the square root which is considered a CRIME in mathematics.

    For eg take the value of ‘v’ as 6*10^8 m/s which is twice the speed of light. Now compute the denominator part of (1). You’ll see that its sqrt(-3). Is there any integer which on squaring will give -3. NO!

    We can conclude that NOTHING can travel faster than light because "saying Square root of a -ve integer is meaningless." Moreover the value of ‘mv’ becomes infinite i.e. a mass you cannot count with anything from EARTH. If sth becomes infinite in mass you would require infinite energy to move it and for that all the energy available in the Universe is insufficient which is of the order 10^55.

    Pls send your views and healthy criticisms at: singerline_almond@yahoo.com

    မြင့်မားတိုးတက်လာတဲ့ ကမ္ဘာကြီးရဲ့ နည်းပညာတွေနဲ့ နောင်လာမဲ့ ရာစုနှစ်တစ်ခုပြီးဆုံးချိန်အထိတောင်မှ အဲဒီ ဂြိုလ်ဆီကို ခရီးသွားနိုင်မဲ့ ယာဉ်တွေ တီထွင်နိုင်ပါ့မလား ဆိုတာတော့ မပြောနိုင်ပါဘူး။ ဖြစ်ရင်လဲ ဖြစ်သွားနိုင်ပါတယ်။ ကမ္ဘာပေါ်က သိပ္ပံပညာရှင်ကြီးတွေကလဲ ဒါကို လေ့လာနေကြတာပါဘဲ။ အလင်းရဲ့ မြန်နှုန်းနဲ့သွားနိုင်မဲ့ယာဉ် တစ်မျိုးမျိုးကို မြန်မြန် တီထွင်နိုင်ပါစေလို့ မျှော်လင့်ကြည့်ရတာပေါ့ဗျာ။ နောက် ဘယ်နှစ်ဘဝကျမှ တွေ့ရမယ်တော့ မသိပါဘူး။

    Gliese 581g planetary system က တော့ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်ဗျာ။ သူ့အကြောင်းကို အသေးစိတ် လေ့လာချင်ရင်တော့ LINK မှာလေ့လာလို့ရပါတယ်။ တခြားလေ့လာစရာတွေလဲ အများကြီးရှိပါတယ်။

    ကမ္ဘာကြီးနဲ့ အလွန်တူတဲ့ အဲဒီကြယ်စုထဲက ဂြိုလ်ကတော့ Gliese 581g ဖြစ်ပါတယ်။

  • mmweather.ygn

    ဆက်ပြီးတော့ အလင်းရဲ့ အမြန်နှုန်းနဲ့ မောင်းနှင်နေတဲ့ယာဉ်တစ်စီးက ရှေ့မီးကြီးထွန်းလိုက်တဲ့ အခါ ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ ဆွေးနွေးပုံလေးတွေကို လေ့လာကြည့်စေချင်ပါတယ် …
    If you’re in a vehicle going the speed of light what happens when you turn on the headlights?
    Read more:

    Technically, this question is flawed, since one of the most important rules in physics is that no matter that has mass can travel at or above the speed of light (this is why scientists argue that traveling back in time is impossible) you would need extreme force and very special circumstances.

    However, for hypothetical purposes, lets say that you are able to reach the speed of light. When you turn on your headlights, nothing out of the ordinary will happen. You will merely see the light speed away from you at the speed of light. It would be the same as if you were standing still in your car and turned on the headlights.

    This is one of the must incredible things about the speed of light (c) – it is constant for everybody. Even if you were an onlooker and you somehow saw the car go by, it wouldn’t happen at twice the speed of light, it would still happen at regular (c). Going further, since the speed of the light viewed dosn’t change, then what does? The time. If you are able to go near the speed of light (like .9999 times), time would go more slowly for you (compared to normal, but you wouldn’t notice anything. If you look at the outside world, time would appear to be traveling faster. For example, going .9999 times the speed of light, traveling for one year would actually be 70 years for anyone else. If you were able to reach the speed of light, you will have esentially stopped time, and if you were able to go faster than the speed of light, there would be an inertial frame of reference in which you would be travelling back in time. This is actually a very touchy subject, i highly reccomend reading more about it. There are some very interesting videos and books by Stephen Hawking on youtube that you can watch, both about light, relativity, time travel, all of that.

  • heronaing

    အလင်းအလျှင်နှင့်ပတ်သက်လို့ပေါ့ဗျာ။
    ငယ်ငယ်တုန်းကဆယ်တန်းတုန်းကပေါ့ရူပဗေဒမှာအလင်းခန်းပါခဲ့တာကိုး
    အလင်းအလျှင်ဟာတစကန့်ကို 186000 m/s သွားခဲ့တယ်လို့သိရတော့
    တွေးမိခဲ့တယ်ဗျာ..အလင်းအလျှင်နှင့်သွားနေတဲ့ယာဉ်နှစ်စီးဟာ..နောက်တစီး
    ကနေပြီးအချက်ပြမီးနဲ့..ရှေ့ကယာဉ်ကိုပြပါကမြင်နိုင်မှာလားလို့
    တွေးကြည့်မိတယ်..သူငယ်ချင်းတွေညင်းကြခုံကြတယ်ဗျာ။
    တချို့ကလည်းမမြင်နိုင်ဘူးပေါ့…။
    စိတ်ဝင်စားဖို့တော့အတော်ကောင်းတယ်ဗျာ။
    ဒါပေမဲ့..
    ဒီအလင်းအလျင်တွေကြောင့်..ကျွန်ပ်တို့နေတဲ့နေရာကိုတော့ထိခိုက်လိမ့်ဦးမယ်ထင်တယ်
    တလောကနာဆာသိပံပညာရှင်တဦးက နေမှာပေါက်ကွဲအားကောင်းတဲ့အစက်အပျောက်ငါးစက်
    ကိုနေရာအသစ်တွေမှာတွေ့ရတယ်လို့ရေးထားတာကိုတွေ့ရတယ်ဗျ။
    တကယ်လို့များသူရေးထားသလို နေပေါက်ကွဲအား ကြောင့်ထွက်လာတဲ့ ပြင်းထန်တဲ့အလင်း
    လှိုင်းတွေဟာ..ကျွန်တော်တို့ဆီရောက်လာရင်တော့..ဆိုးကျိုးတွေနောက်ဆက်တွဲအများကြီး
    ဖြစ်နိုင်တယ်လို့ထင်တယ်။
    ပထမဆုံး အာကာသအတွင်းလွတ်တင်ထားတဲ့ဂြိုလ်တုတွေရဲ့ဆက်သွယ်မှု အချက်ပြစနစ်တွေ
    ပြတ်တောက်ကုန်နိုင်တယ်..ဒါဆိုရင်..ဖုန်းတို့၊GPS စနစ်တို့ပျက်စီးကုန်မယ်၊သံလိုက်စက်ကွင်း
    တွေကိုနှောက်ယှက်မိလို့.။
    သံလိုက်စက်ကွင်းအိမ်မြောင်ကိုအသုံးပြုပြီးသွားနေသောသင်္ဘောတို့လေယာဉ်တို့မှာထိခိုက်နိုင်တယ်
    ရာသီဥတုတွေဆိုးဆိုးရွားရွားဖေါက်ပြန်နိုင်တယ်။
    ခရမ်းလွန်ရောင်ခြည်ကျရောက်မှုပိုများတာကြောင့်လူတွေကျန်းမာရေးအကြီးအကျယ်ထိခိုက်ကုန်
    နိုင်တယ်လို့ကျွန်တော်ထင်တယ်။
    ဒါဟာမဖြစ်နိုင်ဘူးလို့လည်းပြောလို့မရဘူးနော်။
    ကျွန်တော်တို့အခုရာသီဥတုတွေဖေါက်ပြန်လာတာကိုတွေ့နေရပြီဒါဟာလူတွေရဲ့ပယောဂကြောင့်
    လည်းလုံးလုံးမဟုတ်ဘူး၊နေရဲ့ပေါက်ကွဲနေတဲ့အားနှင့်လည်းသက်ဆိုင်တယ်လို့ကျွန်တော်မြင်
    တယ်ဗျာ။
    တကယ်လို့များသာအထက်ပါအချက်အလက်တွေသာတကယ်ဖြစ်ခဲ့ပါက(2012)အကြို.
    (2011)ခုနှစ်ဟာလည်းဆိုးကျိုးတွေပြည့်နှက်နေတဲ့နှစ်လို့ပြောရင်တော့စာဖတ်သူများ
    အနေနှင့်ဘယ်လိုမြင်ကြမလည်းမသိတော့ဘူးဗျာ။
    အားလုံးသဘာဝဘေးမှလွတ်ကင်းနိုင်ကြပါစေ။

You must be logged in to post a comment.