သတိပြူပါ။

ကျွန်တော်တခုပြောချင်ပါတယ်။ဟုတ်ပါတယ်အခုတလောရန်ကုန်နေပြည်တော်လမ်းမှာကားမှောက်မှုတွေတော်တော်ဖြစ်တာကိုတွေ့ရပါတယ်။
ထိုကဲ့သို့ဖြစ်တာဟာယာဉ်မတော်တဆမှုကြောင့်ဖြစ်တာထက်လူတွေသတိမမူလို့ဖြစ်တာကိုဖြစ်
တာတွေ့ရတာများပါတယ်။
ညပိုင်းကားမောင်းတဲ့အခါအရှိန်ပြင်းစွာမမောင်းဖို့လိုပါတယ်ဘာကြောင့်လည်းဆိုတော့ည
ပိုင်းမှာလူတွေရဲ့အမြင်အရုံခံစားမှုဟာနေ့ပိုင်းအမြင်အာရုံခံစားမှုထက်နည်းတာကြောင့်ပဲ့ဖြစ်
ပါတယ်။
နောက်တချက်ကကားမောင်းတဲ့သူဟာအချိန်ကြာစွာမောင်းလာသည်နှင့်အမျှအိပ်ငိုက်လာတတ်ပါတယ်ထိုကဲ့သို့အိပ်ငိုက်လာတနှင့်ကားလက်ကိုင်စတီယာရင်ပေါ်မှာလက်ကိုင်ဘီးဟာနဲနဲ
ယိမ်းတာနဲ့အရှိန်အလွန်ပြင်းတဲ့အတွက်ကားကိုရုတ်တရက်ဆွဲကွေ့လိုက်သလိုမျိုးဖြစ်သွားပီး
ထိမ်းမနိုင်သိမ်းမရမျိုးဖြစ်သွားကာမှောက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

နောက်တချက်ကအရေးကြီးတာတခုကိုပြောပြချင်ပါတယ်။
ရန်ကုန်နေပြည်တော်လမ်းဟာကွန်ကရစ်လမ်းမကြီးပဲ့ဖြစ်ပါတယ်ကွန်ကရစ်လမ်းမဟာ
ကတ်တရာလမ်းမနှင့်မတူတာကိုတွေ့ရပါတယ်။ပွတ်မှုအားဟာကွန်ကရစ်လမ်းကပိုများပါ
တယ်။အရှိန်ပြင်းပြင်းနဲ့ကွေ့ရင်သိသာပါတယ်။
ဘလိပ်ဆွဲရင်လည်းအရမ်းဘလိပ်မိပါတယ်။
ကော်ကရစ်ရဲ့အပူပွကိန်းဟာကကတ်တရာရဲ့အပူပွကိန်းထက်ပိုများပါတယ်။
ကွန်ကရစ်ရဲ့နေ့ဘက်နေအပူချိန်ကိုကတ်တရာထက်ပိုပြီးစုပ်ယူနိုင်ပါတယ်။
ဒါကြောင့်ကတ်တရာလမ်းမထက်အပူချိန်ပိုတက်တတ်ပါတယ်။ကားတာယာရဲ့အပူချိန်ဟာ
ဟိုက်ဝေးမောင်းနေရတဲ့အတွက်အပုချိန်တက်နေရတဲ့အထဲပြင်ပကွန်ကရစ်လမ်းရဲ့အပူရှိန်
ကြောင့်နှစ်ဆတက်လာပြီးတာရာကွဲဖို့ရာခိုင်နှုံးဟာအရမ်းများပါတယ်။
ထိုကြောင့်ကားဘီးကိုလေလျော့ထားဖို့လိုပါတယ်။ခဏခဏအနားပေးပြီးကားတာယာတွေကို
ရေသန့်ဗူးသို့မဟုတ်ရေအေးများနဲ့ပက်ပေးဖို့လိုပါတယ်
ခဏခဏယာဉ်ကိုအနားပေးပြီးဖြေးဖြေးမောင်းရင်ဘာမှဖြစ်မှာမဟုတ်ဘူး
ဘဲလ်အသံကြားအောင်အထိအရှိန်ကိုမြှင့်မောင်းရင်တော့အကွေ့တို့ရုတ်တရက်လူတို့တိရိ
စာန်တို့ပေါ်လာရင်ဘာမှလုပ်ဖို့အချိန်မရဘဲယာဉ်တိမ်းမှောက်မှုဖြစ်နိုင်ပါတယ်။
ဒါကြောင့်နေပြည်တော်အမြန်လမ်းကြီးမှာမောင်းနှင်မဲ့သူတွေသတိနဲ့မောင်းနှင်ရင်တော့
အနရယ်ကင်းမယ်လို့ထင်ပါတယ်။
အားလုံးအနရယ်ကင်းဝေးကျပါစေ။
heronaing/

3 comments to သတိပြူပါ။

  • mmweather.ygn

    Heronaing ရဲ့ သတိပြုစရာအချက်တွေက မှတ်သားစရာပါ။

    နောက်တချက်ကကားမောင်းတဲ့သူဟာအချိန်ကြာစွာမောင်းလာသည်နှင့်အမျှအိပ်ငိုက်လာတတ်ပါတယ်ထိုကဲ့သို့အိပ်ငိုက်လာတနှင့် ကားလက်ကိုင်စတီယာရင်ပေါ်မှာလက်ကိုင်ဘီးဟာ နဲနဲယိမ်းတာနဲ့ အရှိန်အလွန်ပြင်းတဲ့အတွက်ကားကိုရုတ်တရက်ဆွဲကွေ့လိုက်သလိုမျိုးဖြစ်သွားပီး ထိမ်းမနိုင်သိမ်းမရမျိုးဖြစ်သွားကာမှောက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

    ဒီလိုအဖြစ်အပျက်ဟာ မတော်တဆဖြစ်ရပ်ကြုံတွေ့သည့်အခါ တုန့်ပြန်မှုလွန်ကဲခြင်း(Over Reaction) ဖြစ်ရတာပါ။ “အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ သတိပြုစရာများ” ဆောင်းပါးမှာ အောက်ပါ အချက် ၆ ချက်ကို သတိပြုဖို့ဖေါ်ပြပေးခဲ့ပါတယ်၊ အခု ပြန်ပြီး ထည့်ပေးလိုက်ပါတယ်။

    * အမြန်နှုန်းလွန်ကဲပြီး မောင်းနှင်ခြင်း (Over speed)
    * ပေါ့ဆခြင်း(Inattention)
    * လမ်းချော်ခြင်း(Traction Loss)
    * မတော်တဆဖြစ်ရပ်ကြုံတွေ့သည့်အခါ တုန့်ပြန်မှုလွန်ကဲခြင်း(Over Reaction)
    * အန္တရာယ်တစ်ခုခုမှလွတ်အောင် ရုတ်တရက် ရှောင်တိမ်းခြင်း(Crash Avoidance)
    * ယာဉ်ချို့ယွင်းမှု တစ်ခုခုဖြစ်ပေါ်ခြင်း(Mechanical Failure) (ဘီးပေါက်ခြင်း၊ တိုင်းရော့ပြုတ်ခြင်း၊ ရှပ်ကျိုးခြင်း၊ လေကာမှန် ရုတ်တရက်ကွဲခြင်း၊ ညအချိန် ရှေ့မီးကြီး ရုတ်တရက် ပြတ်သွားခြင်း ….. စသည်ဖြင့်)

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၁၂-၁၂-၁ဝ) နေ့က ကျနော်နဲ့အဖွဲ့ အမြန်လမ်းမကြီးပေါ်က အခြေအနေတွေကို သိချင်လို့ နေပြည်တော်အထိ ခရီးထွက်ကြည့်ခဲ့ပါတယ်။ ကျနော်တို့ အမြန်လမ်းမကြီးပေါ်ရောက်တဲ့အခါ မိုးကလဲ ဖွဲဖွဲရွာလိုက်တာကြောင့် ကွန်ကရစ်လမ်းအပူရှိန် မတက်တော့တာသေချာတာကြောင့် ၇ မိုင် မိုင်တိုင်အရောက်မှာ တာယာတွေကို ပြန်စစ်ပါတယ်၊ တာယာတွေရဲ့ DOT CODE မှာ 1209 ဖြစ်တဲ့အတွက် ၂ဝဝ၉ ခုနှစ် ၁၂ ပတ်မြောက် ရက်သတ္တပတ်က ထုတ်လုပ်တဲ့ Goodyear Tyre တွေ ဖြစ်တာကြောင့် စိတ်ချလက်ချအမြန်နှုန်းမြှင့်ပြီးမောင်းကြည့်ပါတယ်။ ကီလို ၁၄ဝ လောက်အထိ လမ်းရှင်းရင်ရှင်းသလို တင်ကြည့်ပါတယ်။ အဲဒီမှာ ဘာတွေ့လဲဆိုတော့ ရုတ်တရက်အန္တရာယ်ပေးနိုင်တဲ့ အဖြစ်အပျက်တွေကို တွေ့ရပါတယ် –
    ပထမဦးဆုံးတွေ့ရတာကတော့ လမ်းပေါ်မှာ ရုတ်တရက် ဖြတ်ပြေးတဲ့ ခွေးတစ်ကောင်ပါ။
    နောက်တစ်ခုက ယာဉ်ကြောပြောင်းပြန်မောင်းလာတဲ့ ဆိုင်ကယ်နဲ့ ဂျစ်ကားတစ်စီးပါ အဝေးကြီးကတည်းက လှမ်းမြင်ရတာမို့ ပြဿနာ မရှိခဲ့ပါဘူး။
    နောက်တစ်ခုကတော့ အမြန်လမ်းပေါ်က မပြီးသေးတဲ့ လမ်းပြုပြင်ထိန်းသိမ်းရေး အလုပ်လုပ်နေကြတဲ့ လမ်းလုပ်သားအဖွဲ့တွေပါ၊ လမ်းအလယ်မျဉ်းတွေကို ဆွဲနေကြတာဖြစ်ပါတယ်၊ နေ့ပိုင်းမှာ တွေ့ရတဲ့အတွက် ကိစ္စမရှိပေမဲ့ heronaing ပြောင်သလို ညဘက် အိပ်ကလဲ ငိုက်တဲ့အချိန်၊ speed ကလဲ များများဆိုရင်တော့ အလွန်အန္တရာယ်များတယ်လို့ ပြောရမှာပါ။
    လမ်းပေါ်ဖြတ်ပြေးတဲ့ ခွေးကတော့ တိရိစ္ဆာန်မို့ ကားမောင်းတဲ့သူကကြည့်ရှောင်ဖို့ သတိထားဖို့ဘဲ လုပ်ရမှာပါ။ လမ်းပြောင်းပြန်တက်မောင်းနေတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေကိစ္စကတော့ သက်ဆိုင်သူတွေက တာဝန်ယူပြီး ထိရောက်တဲ့ တားဖြစ်မှုတွေ လုပ်ပေးရမယ်လို့ တွေးမိပါတယ်။ အမြန်လမ်းမကြီးပေါ်မှာ ဆိုင်ကယ်/စက်ဘီး မစီးရ လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေတော့ ရှိပါတယ်။
    လမ်းပြုပြင်ရေး အလုပ်သမားအဖွဲ့တွေကတော့ ညဘက် မလုပ်တော့ နေ့ဘက် ဝေးဝေးက လှမ်းမြင်နိုင်တာမို့ ကိုယ့်ဘာသာ အရှိန်လျှော့မောင်းကြရမှာပေါ့ဗျာ …..

  • ကျနော်နေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ အဝေးပြေးလမ်းမှာ ဘာအကောင်မှမဝင်နိုင်အောင် ကာထားပါတယ်။
    မော်တော်ဆိုင်ကယ်ဆိုရင်လည်း ၄၀၀စီစီအောက်ဆို ပေးမဖြတ်ပါဘူး။ လူလည်းလုံးဝဝင်လို့မရပါဘူး။
    လမ်းပြင်နေပြီဆိုရင် အနည်းဆုံး တစ်ကီလိုလောက်အလိုကတည်းက သတိပေးဆိုင်းဘုတ်၊ ရောင်ပြန်ပြားနဲ့ တောက်လျှောက်ပြထားပါတယ်။ နီးလာလေ စိပ်လာလေဖြစ်ပါတယ်။ ညပိုင်းဆိုရင်လည်း ရောင်ပြန်ပြားနဲ့ မီးစက်နှိုးထားပေးပြီး အချက်ပြမီးတွေကိုဖွင့်ထားပေးပါတယ်။ ကုမ္ပဏီပိုင်လှည့်ကင်းကားတွေအမြဲကင်းလှည့်နေပါတယ်။ မိမိကားဟာ လမ်းဘေးမှာထိုးရပ်သွားပြီဆိုတာနဲ့ အလွန်ဆုံးနာရီဝက်အတွင်းရောက်လာပါတယ်။ ချက်ခြင်း လမ်းလွှဲတွေလုပ်၊ ဆိုင်းဘုတ်တွေထောင်ပြီး ကျန်တဲ့ကားတွေကို အစွန်ဆုံးလမ်းမမောင်းဖို့ ချက်ခြင်းအချက်ပြပေးပါတယ်။ Express way ကိုသုံးရတာဈေးကြီးသလောက် ထိုက်တန်တဲ့ဝန်ဆောင်မှုကိုလည်း ချက်ခြင်းလုပ်ပေးပါတယ်။ 😀

  • ကျနော့်မှာတော့ မတူညီတဲ့ယူဆချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ တာယာတွေကိုလေပေါင်လျော့ထားရင် လေပူပိုတက်တယ်ဆိုတာဘဲဗျ။ လေနည်းတော့လှုပ်ရှားမှုအားပိုများပြီး တာယာကိုပိုပူစေပါတယ်။ ပုံမှန်လေပေါင်ဟာ အကောင်းဆုံးပါဘဲ။ ကျနော်ရန်ကုန်-ကလေး ဒိုင်နာကားနဲ့သွားရင်(နွေရာသီ) ရှေ့တာယာကို ၈၀ လောက်အထိထိုးပါတယ်။ နိုင်ငံခြားမှာလည်း မိုင်ထောင်နဲ့ချီပြီးမောင်းတဲ့သူတွေ ဘယ်သူမှတာယာလေလျှော့တာ သတိမထားမိပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာ တောင်ပေါ်လမ်းတွေအားလုံးဟာ ကွန်ကရစ်လမ်းတွေဖြစ်သလို လမ်းအများစုဟာလည်း ကွန်ကရစ်လမ်းပါဘဲ။ တစ်ခုရှိတာက ကျနော်တို့မြန်မာနိုင်ငံက (အထူးသဖြင့်ကုန်ကား) ကားတွေက သတ်မှတ်ကုန်ချိန်ထက် ၃ ဆကျော်တင်ကြပါတယ်။ ဒါကြောင့်အဆင်းတွေမှာ တာယာတွေကိုရေဖြန်းပေးတယ်၊ မကြာမကြာနားပေးရတယ်။ (ကုန်ကားတွေမှာ အိတ်ဇောဘရိတ်ဆိုတာပါတယ်၊ ဒါပေမယ့်မြန်မာပြည်မှာ over weight တင်တဲ့အတွက် အိတ်ဇော်ဘရိတ်သုံးရင် ကရိုင်းရှပ်ကျိုးမှာစိုးရိမ်ရတဲ့အတွက် အိတ်ဇောဘရိတ်ကိုဖြုတ်ထားတော့ ဘရိတ်ဘဲအားကိုးရတယ်။ ဒါကြောင့် ဘရိတ်ဒရမ်ကနေတဆင့် တာယာကိုအပူချိန်တက်တာဖြစ်တတ်ပါတယ်။ ကားငယ်တွေနဲ့တော့မဆိုင်ပါဘူး။ နောက်ပြီးတာယာဆိုတာကလည်း ကွန်ပြူတာနဲ့တွက်ချက်ပြီးထုတ်လုပ်ထားတဲ့အတွက် တော်ရုံတန်ရုံကိစ္စတွေမှာ ပြဿနာမတက်နိုင်ပါဘူး။ (တိုက်ဆွေးမှအပပေါ့)။

You must be logged in to post a comment.