Tyre Safety

အမြန်လမ်းမကြီးပေါ်က မတော်တဆဖြစ်မှုတွေမှာ မော်တော်ယာဉ်ဘီး(တာယာ) ကွဲပြီးဖြစ်ရတဲ့ အဖြစ်အပျက်ကများတာ တွေ့ရပါတယ်။

ကျနော့်ရဲ့ ညီတစ်ယောက်က Tyre Safety နဲ့ ပတ်သက်တဲ့ PDF file တစ်ခုကို EMail ကတစ်ဆင့် ပေးပို့လာတဲ့ အတွက် ဖတ်ကြည့်တဲ့အခါ တာယာတွေကို ကိုယ့်ရဲ့ ကားမှာလဲတပ်တဲ့အခါ ဒါမှမဟုတ် ကိုယ်ဝယ်လိုက်တဲ့ကားမှာ ပါလာတဲ့ တာယာတွေဟာ ဘယ်လို အခြေအနေဆိုတာကို ဘယ်လို ပုံမှန်စစ်ဆေးသင့်တယ်၊ အဲသလို စစ်ဆေးတဲ့အခါ ဘာတွေကို သိထားရမယ်စသည်ဖြင့် လေ့လာမှတ်သားစရာတွေ အများကြီး သိခဲ့ရပါတယ်။

Read TireSafety

MMW ပရိတ်သတ်များသာမက အမြန်လမ်းမှာရော၊ တခြား လမ်းမကြီးတွေ မှာရော၊ မြို့ပေါ်မှာရော ကားနဲ့ သွားလာနေကြသူတွေအတွက် အမှန်တကယ် လေ့လာသင့်တာကြောင့် အဆင်ပြေသလို စုဆောင်းဘာသာပြန်ပြီး ဖေါ်ပြပေးလိုက်ပါတယ်။

တာယာနံရံမှ အချက်အလက်များအားဖတ်ရှုခြင်း

တာယာများ၏ sidewall ပေါ်မှ စာများတွင် ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းထုတ် တာယာများတွင် DOT(Department Of Transport safety) Serial Number System ဖြင့် တာယာတစ်လုံး၏ ထုတ်လုပ်သည့်နှစ်နှင့် ရက်သတ္တပတ် ကိုဖေါ်ပြထားပါသည်။ (အောက်ပုံနှင့် တစ်ဘက်ပုံတွင်ကြည့်ပါ)

ထို့ကြောင့် တာယာတစ်လုံး၏ ဘေးနံရံပေါ်ရှိ အခြား အမှတ်အသားစာသားများထက် ထုတ်လုပ်သည့် အချိန်ကိုရလျှင် ထုတ်လုပ်သည့် အချိန် မှ ၄ နှစ်တွင် သက်တမ်း ကုန်မည်ဟု အကြမ်းမှတ်ယူနိုင်ပါသည်။ ကျွန်တော်တို့ဆီတွင် ၁၉၈၉ ခုနှစ်က ထုတ်လုပ်သည့် တာယာကိုပင် ယခုတိုင်ဆက်လက်၍ သုံးစွဲလျှက်ရှိနေကြကြောင်း တွေ့ရပါသည်။

တာယာများပေါ်မှ ထုတ်လုပ်သည့်နေ့စွဲကို လွယ်ကူစွာ ရှာတွေ့နိုင်ရန် မိတ်ဆွေတို့မှ စိတ်ဝင်စားမှုနှင့် လေ့လာမှုတို့အပေါ် မူတည်ပါသည်၊ တာယာဆိုင်များကလည်း ဤသတင်းအချက်အလက်ကို တာယာရောင်းသည့်အခါ ဝယ်သူကို ရှင်းပြပေးလျှင် ပိုကောင်းမည်ဟုထင်ပါသည်။ သေချာသည်က တာယာဆိုင် ၁ဝ ဆိုင်ရှိလျှင် ၉ ဆိုင်က ရှင်းပြမည်ဟု မထင်ပါ၊ ထုတ်ကုန်မှန်မှန်ကန်ကန် တင်သွင်းရောင်းချသည့် တာယာဆိုင်မှသာလျှင် အသေးစိတ်ရှင်းပြလိမ့်မည်ဖြစ်ပါသည်။ တာယာဝယ်ယူအသုံးပြုသူတို့ အနေနှင့်လည်း တိုက်ဆွေးတာယာဝယ်ယူအသုံးပြုရခြင်းမှ ရှောင်ကျဉ်နိုင်ကြစေရန် နီးစပ်ရာကို တတ်နိုင်သမျှ လေ့လာဝယ်ယူကြစေချင်ပါသည်။

(မူလစာ)

Tires Manufactured Since 2000

Since 2000, the week and year the tire was produced has been provided by the last four digits of the Tire Identification Number with the 2 digits being used to identify the week immediately preceding the 2 digits used to identify the year. http://www.tirerack.com/tires/tiretech/techpage.jsp?techid=11

တာယာများတွင် နိုက်တြိုဂျင်ဓါတ်ငွေ့ဖြည့်တင်းမောင်းနှင်ခြင်း
ပြိုင်ကားတာယာများနှင့် လေယာဉ်တာယာများတွင် လွန်ခဲ့သောနှစ်များမှ ယခုတိုင် နိုက်တြိုဂျင်ဓါတ်ငွေ့ကို လေ အစား အသုံးပြုလျှက်ရှိနေကြသော်လည်း ခရီးသည်တင်ကားများ၊ အိမ်စီးကားများအတွက် ကားတာယာများတွင် နိုက်တြိုဂျင်ဓါတ်ငွေ့ ဖြည့်တင်းသုံးစွဲခြင်းသည် ယခုဆယ်စုနှစ်များမှ စတင် ရေပန်းစား အသုံးပြုလာခဲ့ပြီး၊ မြန်မာနိုင်ငံ ရန်ကုန်မြို့ အချို့ လေထိုးဆိုင်များတွင် ယခု ၂ဝ၁ဝ ခုနှစ်အတွင်းကျမှ စတင်သုံးစွဲလာကြသည်ကို တွေ့ရပါသည်။
  • နိုက်တြိုဂျင်ဓါတ်ငွေ့သည် အရောင်အဆင်း၊ အနံ့အရသာမရှိသည့်အပြင် အဆိပ်သင့်မှုလည်း မရှိသော ဓါတ်ငွေ့ဖြစ်ပြီး ကမ္ဘာ့လေထု၏ ၇၈%၌ နိုက်တြိုဂျင်ဓါတ်ငွေ့ ပါဝင်ကြောင်း သိရပါသည်။
  • နိုက်တြိုဂျင်ဓါတ်ငွေ့ကို လေအစား ဖြည့်တင်းသုံးစွဲခြင်းကြောင့် ကားတာယာကို အပူချိန်လျော့ကျစေပါသည်။ ထို့အပြင် လေထက် အနည်းငယ်ပေါ့သော ဓါတ်ငွေ့ဖြစ်သည့်အတွက် တာယာအလေးချိန်ကိုလည်း အနည်းငယ် လျော့ကျစေကာ အမြင့်ဆုံးဝန်တင်မှုနှင့် အမြန်နှုန်းကို မောင်းနှင်ရာတွင် လေဖြည့်ထားသော တာယာများနှင့် နှိုင်းယှဉ်ပါက တာယာသက်တမ်းကို ပိုမိုရှည်ကြာစေသည်ဟု သိရပါသည်။
  • နိုက်တြိုဂျင်ဓါတ်ငွေ့၏ ဓါတုဖွဲ့စည်းပုံကလည်း တာယာအတွင်းမှ စိမ့်ထွက်မှုကို နှေးကွေးစေသဖြင့် လေထိုးထားသောတာယာထက် လေပေါင်ယိုစိမ့်ထွက်မှုနည်းပါးသည်ဟု ဆိုပါသည်။
  • လေထဲတွင် ပါသော အောက်ဆီဂျင်ဓါတ်ငွေ့ကြောင့် သာမန်လေထိုးထားသည့် တာယာတစ်လုံး၏ တာယာသားနှင့် ဘီးခွေအကြား အောက်ဆိုက်ဓါတ်ဖြစ်ပေါ်စေပြီး သံချေးတက်ခြင်းကို ဖြစ်ပေါ်စေသော်လည်း နိုက်တြိုဂျင်ဓါတ်ငွေ့က ထိုသို့ ချေးတက်ခြင်း မရှိဟု သိရပါသည်။
  • နိုက်တြိုဂျင်ဓါတ်ငွေ့ဖြည့်တင်းခြင်းသည် အထက်ပါကောင်းကျိုးများရရှိနိုင်သော်လည်း ဖြည့်တင်းရသည့် ကုန်ကျစားရိတ်ကြီးမားခြင်း(ခရီးသည်တင်ကား တာယာတစ်လုံး အတွက် နိုက်တြိုဂျင်ဓါတ်ငွေ့ဖြည့်တင်းရန် ၅ ဒေါ်လာမှ ၁ဝ ဒေါ်လာအထိ ကုန်ကျမည်ဖြစ်ပါသည်၊ မြန်မာနိုင်ငံမှ နိုက်တြိုဂျင်ဖြည့်မှုအတွက် မည်မျှယူသည်ကို မသိရသေးပါ။ ထို့အပြင် နိုက်တြိုဂျင်ကို လမ်းဘေး လေဆိုင်များတွင် ပေါပေါများများ လွယ်လွယ်ကူကူ ဖြည့်တင်းနိုင်ခြင်းမရှိသေးပါ။

‘To be or not to be’ has always been the question attached to the much debatable topic of inflating car tyres using Nitrogen gas.

Nitrogen is a colorless, odorless, tasteless and non-toxic gas that forms about 78% of the Earth’s atmosphere. While there are few people who believe that using nitrogen gas to inflate car tyres is beneficial, there are others who believe that has many disadvantages. Though nitrogen gas has been widely used in the tyres of racing cars, aircraft and heavy commercial vehicles, its use in the normal passenger cars is a relatively new concept. Read on to find the pros and cons of inflating the car tyres with nitrogen.

Pros And Cons of Nitrogen Gas For Inflating Car Tires

Pros
  • Nitrogen reduces the running temperature of the tyre. The moisture content of nitrogen leads to a cooler running tyre, which is advantageous when the car is operating at its maximum load and speed capacity.
  • Nitrogen in tyres improves the ride quality. That gas is very slightly lighter than air and thus, benefits the tires in terms of un-sprung weight.
  • It is assumed that Nitrogen increases tyre life. It reduces the operating temperature during times of load and speed and thus, enhances the life of a tyre.
  • It is believed that nitrogen keeps tyre pressures more constant. The gas is assumed to provide more stable pressure range in connection to the tyre temperature. However, again, the factor is applicable in times of heavy load/high-speed conditions.
  • Tyres are susceptible to loss of pressure as a result of being porous in nature. Due to its chemical structure, Nitrogen leak out slowly as compared to compressed air. Therefore, it slows the rate of pressure loss.
  • Oxygen reacts with the tyre and rim materials causing oxidation or the rust formation in the metal parts. Nitrogen, being an inert gas, does not react with the tyre and rim materials.
Cons
  • Inflating tires with Nitrogen is quite costly. The cost generally comes to somewhere around $5 to $10 per tyre for a passenger car.
  • Filling tyres with nitrogen requires more maintenance as compared to compressed gas.
  • The availability factor is the biggest disadvantage of inflating tyres with nitrogen, as the gas is not readily available. It is usually found only with specialist tyre dealers.

———- ဆက်လက် ရေးသားပါဦးမည် —————

‘To be or not to be’ has always been the question attached to the much debatable topic of inflating car tyres using Nitrogen gas. Nitrogen is a colorless, odorless, tasteless and non-toxic gas that forms about 78% of the Earth’s atmosphere. While there are few people who believe that using nitrogen gas to inflate car tyres is beneficial, there are others who believe that has many disadvantages. Though nitrogen gas has been widely used in the tyres of racing cars, aircraft and heavy commercial vehicles, its use in the normal passenger cars

is a relatively new concept. Read on to find the pros and cons of inflating the car tyres with nitrogen.

Pros And Cons of Nitrogen Gas For Inflating Car Tires

4 comments to Tyre Safety

  • တာယာအမျိုးအစားပေါ်မူတည်ပြီးတော့လည်း(တာယာအလှည့်မှာ) အချို့တာယာတွေက ဘယ်ညာပြောင်း(လှည့်) တပ်လို့မရတာရှိပါတယ်။ တာယာတွေဟာသူ့အမျိုးအစားအပေါ်မူတည်ပြီး လှည့်(ပြောင်း)တပ်ပုံတပ်နည်းတွေကို တာယာထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဖေါ်ပြပေးတတ်ကြပါတယ်။

  • အင်မတန်အဘိုးတန်တဲ့ အကြောင်းအရာမို့ ၀မ်းသာရသလို ကျေးဇူးလည်းတင်ပါတယ် အန္တရာယ်နဲ့ ကြုံခဲ့ကြတဲ့လူတွေအများကြီးအတွက် စိတ်မကောင်းစရာပါ။
    လျထွန်း

  • Deltarian

    အင်မတန် တန်ဘိုးရှိတဲ့ အချက်အလက်ဖြစ်လို့ Media တွေကနေလဲ ပြောပြစေချင်တယ် … Journal တခုတခု မှာထည့်ပါဗျို့  ……

  • uwinnaing

    အင်မတန် တန်ဘိုးရှိတဲ့ အချက်အလက်ဖြစ်လို့ Media တွေကနေလဲ ပြောပြစေချင်တယ် … Journal တခုတခု မှာထည့်ပါဗျို့  ……

    ဖြစ်နိုင်ရင်တော့ ကျနော့်ထက်ပိုပြီးရေးတတ်တဲ့ ဆရာတစ်ယောက်ယောက်က ထပ်လေ့လာပြိး ရေးပေးစေချင်ပါတယ်ဗျာ .. ကျနော်ရေးရင် တော်ကြာ စာမူခတွေဘာတွေ သွားထုတ်နေရပါဦးမယ် 😛

You must be logged in to post a comment.