ဖိလစ်ပိုင်မှ သူကြီးပြန်ကြားစာ

ချစ်သော MMW မိတ်ဆွေများ

ကျနော်အခုလေးဘဲ http://mmweather4u.cbox.ws/ စီဘောက်က old message တွေပြန်ဖတ်တော့ စူပါတိုင်ဖွန်းမုန်တိုင်းဒဏ် အလူးအလည်းခံနေရတဲ့ ကျနော့်ကို သတိယပေးတဲ့သူတွေ၊ ဆုတောင်းပေးနေတဲ့သူတွေ ဖုန်းခေါ်ကြတဲ့မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျနော့ဖုန်းတွေအားလုံး ဘက်ထရီကုန်သွားလို့ မိတ်ဆွေတို့အတွက် စိုးရိမ်စရာဖြစ်ခဲ့ရတာအတွက်လည်း စိတ်မကောင်းပါဘူး။
ဒါပေမယ့် လူလူချင်းမမြင်ဖူး၊ မတွေ့ဖူးကြပေမယ့် အခုလိုအရေးကြုံလာတဲ့အခါတိုင်းမှာ သတိယပေးကြတဲ့အတွက် ဒီMMW လေးဟာကျနော့အတွက် ဘယ်တော့မှမမေ့နိုင်တော့တဲ့ နေရာလေးတစ်ခုဖြစ်သွားပါပြီ။
ကျနော့ဘဝမှာ အစ်ကိုတစ်ယောက်လိုအရမ်းရင်းနှီးခဲ့တဲ့ ဦးဝင်းနိုင် (ဦးဝယ်) နဲ့ပါတ်သက်ပြီး ရောက်လာခဲ့ရတဲ့ ဒီ MMW လေးမှာ ကျနော်တတ်စွမ်းသလောက် ယခုထက်ပိုပြီး ကျနော်ချစ်တဲ့ မြန်မာနိုင်ငံသူ/သားတွေ သဘာဝဘေးအန္တာရယ်ကို ကြိုတင်သိနိုင်အောင်/ ကာကွယ်နိုင်အောင် ဘာမှမတတ်သော်လည်း တတ်နိုင်တဲ့ဖက်ကနေ ဆက်လက်ပြီးအစွမ်းကုန်ကြိုးစားကူညီပါ့မယ်။
MMW လေးရပ်တည်နိုင်အောင် ပံ့ပိုးပေးကြတဲ့ စေတနာရှင် မိဘပြည်သူများ၊ လုပ်ခမရဘဲ သတင်းမှန်တွေကို ပြည်သူတွေဆီလက်ဆင့်ကမ်းပို့ဆောင်ပေးနေကြတဲ့ စီဘောက်နဲ့ Group mail မိတ်ဆွေများ၊ အထူးသဖြင့် ကျနော်ချစ်သော၊ ကျနော့်ကိုချစ်သော ဦးဝယ်၊ ကျိန်လုံး၊ ကီရာ၊ ကိုဒယ်၊ ကိုလတ်၊ ကိုခင်ဇော်၊ ကိုအောင်ဇော်၊ နိစပ်၊ ပိကျိ၊ ဂျူဂျူးကျား၊ ကတ်သီးကတ်သပ်၊ ကိုကျော်ကြီး၊ ဆရာမပြည့်ပြည့်၊ ဗုံဗုံနဲ့ ကျနော့်နောင်တော်ကြီး ကမိုးဒီ နဲ့တကွ စီဘောက်မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီစာလေးနဲ့ မှတ်တမ်းတင် ဂါရဝပြုအပ်ပါတယ်။

စိုးထိုက်(သူကြီး)
ခေတ္တဖိလစ်ပိုင်
Baguio City.

6 comments to ဖိလစ်ပိုင်မှ သူကြီးပြန်ကြားစာ

  • mmweather.ygn

    ကျေးဇူးတင်ပါတယ်ဗျာ … ဘာဘဲဖြစ်ဖြစ် အားလုံးကတော့ စိုးရိမ်ကြတာဘဲလေ … မုန်တိုင်းကလဲ တော်တော်ကြီးသကိုး။ အခုလိုဘေးမသီရန်မခ online ပေါ်ပြန်ရောက်လာတာပဲ ကျေးဇူးတင်လှပါဘီ သူကြီးရယ် ။

  • ကျနော်လည်း အားလုံးကိုသတိယနေတာပါ၊ ကျနော့်ဖုန်းတွေအလုပ်မလုပ်တာကိုသိတော့ ပိုစိုးရိမ်မိပါတယ်။ ကိုမိုးဒီဖုန်းခေါ်တော့ သူပြောသလိုဘဲ ဘယ်သူခေါ်မှန်းကိုမသိတော့တာပါ။ ဟီးးး တော်သေးတယ် သူ့ဆီမှာ ကျနော့် emergency နံပါတ်လေးရှိလို့။
    ဒီဖြစ်စဉ်လေးကလည်း MMW ရဲ့စည်းလုံးညီညွတ်မှုကို လက်တွေ့ပြသလိုက်တာပါဘဲဗျာ။
    အားလုံးကိုကျေးဇူးတင်ပါတယ်။

  •ုkokyawgyi

    မြန်မာပြည်သားတွေဘဲဗျာ…စိုးရိမ်ကြတာတော့အမှန်ဘဲဗျ…နောက်ပြီးတော့နာဂစ်အဖျားလေးခတ်တာတောင်အတော်လေးခံစားခဲ့ ရတဲ့ ကျွန်တော်တို့ ဘ၀နဲ့ ခုနာဂစ်ထက်ကြီးတဲ့ မီးကြီးနဲ့ ဆုံတွေ့ မဲ့ သူကြီးကိုစိုးရိမ်ကြတာတော့အမှန်ဘဲဗျာ…

  • ကိုလတ်

    MMW ၀ိုင်းတော်သားတွေဟာ လူသားဆန်ချင်လို့ ကြိုးစားနေကြတယ်လို့ယူဆပါတယ်။ဒါကြောင့်လည်း ဒီလိုချစ်စရာကောင်းတဲ့ အပြုအမူတွေကိုတွေ့ရပါတယ်။

  • နောက်ပြီးကျနော်ရလိုက်တဲ့ သင်ခန်းစာတစ်ခုက ကျနော့ဖုန်းတွေကို call divert စစ်ဖို့မေ့သွားတာ။ အရင်တုန်းကအိုကေဘဲ၊ တစ်လုံးမရရင် နောက်တစ်လုံးထဲဝင်လာတယ်၊ ဒါပေမယ့်ဗျာ နောက်ဆုံးကျန်တဲ့ဖုန်းက China အစစ်ကြီးဖြစ်နေတော့ Call divert က အလုပ်မလုပ်ဘူးဖြစ်သွားတယ်။
    Call Divert ဆိုတာ ဖုန်းတစ်လုံးက အလုပ်မလုပ်ရင် (သို့) Busy ဖြစ်နေရင် ကိုယ် command လုပ်ထားတဲ့ နံပါတ်ထဲကို အလိုလိုဝင်သွားတာပါ။ ဒါပေမယ့် တရုတ်ကြီးက ဘိုလိုမဖတ်တတ်ဘူးတဲ့။ 😀

  • Krylon

    ဦးစိုးထိုက်ရေ…. ဘာမှမဖြစ်လို့ စိတ်အေးပါပြီ။
    သတင်းကိုစောင့်နေတာ… 😀

    အမြဲတမ်း စ နောက် နေတဲ့သူကြီး (အနောက်သန်တဲ့သူကြီး) ဘယ်လိုများနေလဲလို့… 😛
    ခုတော့စိတ်အေးသွားပြီ…။

You must be logged in to post a comment.