ကိုခင်ဇော်(kzaw)၏ ဖခင်ကြီးကွယ်လွန်အနိစ္စရောက်ကြောင်း ..

MMW အဖွဲ့ဝင် ကိုခင်ဇော် (kzaw)၏ ဖခင်ကြီးသည် ယနေ့ ၃-၉-၂ဝ၁ဝ နေ့ နေ့လည် ၁၂း၃ဝ နာရီတွင် ကွယ်လွန် အနိစ္စရောက်သွားပါကြောင်း MMW အဖွဲ့ဝင်များသို့ ဝမ်းနည်းစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
MMW အဖွဲ့အားလုံးကိုယ်စား ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း MMW CBOX မှ ကြေငြာအပ်ပါသည်။

ကိုခင်ဇော် ဖခင်ကြီး၏နာရေးသတင်းနှင့် ပတ်သက်၍ ထပ်မံသိရှိရသည်များကို ဆက်လက်ဖေါ်ပြပေးသွားပါဦးမည်။

PS ….

မကွယ်လွန်မီ နံနက်က MMW စီဘောက်တွင် MMW အဖွဲ့ဝင်များမှ ကိုခင်ဇော်အား ဝိုင်ဝန်းအားပေးခဲ့ကြသည့် conversation များနှင့် ကွယ်လွန်ပြီးယခုစာရေးချိန်အထိ စီဘောက်ပေါ်တွင် ပါဝင်ရေးသားခဲ့ကြသည့် MMW အဖွဲ့ပရိသတ်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။

မိုးဒီ : ကျနော် အမိရော အဖ ရောကို မပြုစုခဲ့ဘူးသလို မေတ္တာလဲမရခဲ့ဘူး၊ ဇော်ကြီးနဲ့ကျနော်နဲ့ တတန်းထဲ ခုံနံပတ်ရှေ့နောက်တောင် သူက ကျနော့်ထက် အင်မတန်ကုသိုလ်ထူးတယ်။ မိဘကို ပြုစု ကြင်နာခွင့် အပြည့်ပြန်ပေးလိုက်နိုင်တယ်။ 3 Sep 10, 15:35
မိုးဒီ : ဇော်ကြီးအတွက် စိတ်မကောင်းဘူး၊ ဒါပေမယ့် ဂုဏ်ယူတယ်ဗျ။ 3 Sep 10, 15:27
မိုးဒီ : ဇော်ကြီးရေ.. ခများနဲ့ ထပ်တူ စိတ်မကောင်းပါဘူးကွာ၊ ဇော်ကြီး အဖေ ကောင်းရာမွန်ရာရောက်ပါစေ 3 Sep 10, 15:25
soehtaik: My deep condolence to Ko Khin Zaw and the rest of the family. 3 Sep 10, 15:25
aungzaw: ဟာ..ဗျာ စိတ်မကောင်းပါဘူးဗျာ…. 3 Sep 10, 15:25
mmweather: MMW အဖွဲ့အားလုံးကိုယ်စား ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောပေးပါ့မယ် 3 Sep 10, 15:23
nexus: ဦးဇော်ကြီးအတွက်စိတ်မကောင်းဘူးလို့ ဦးဝယ်ကြီးကပဲကျွန်တော့်အစားပြောပေးပါ 3 Sep 10, 15:21
mmweather: ကောင်းပါဘီဗျာ ကျနော် ပြောပေးပါ့မယ် 3 Sep 10, 15:20
မိုးဒီ : ကျနော့် ကိုယ်စားရောပဲ ဦးဝယ်ကြီး ဇော်ကြီးအိမ်ကို သွားတဲ့အခါ အားပေးစကားပြောပေးပါဗျာ။ ကျနော်တို့က တယောက်နဲ့ တယောက်မမှတ်မိကြတော့တဲ့ တက္ကသိုလ်မှာ တတန်းထဲ ခုံနံပတ်ရှေ့ဆင့် နောက်ဆင့် နေခဲ့ တဲ့သူတွေပါ။ 3 Sep 10, 15:20
mmweather: မနက်ကဘဲ ဒီစီဘောက်မှာပြောနေသေးတယ်ဗျာ 3 Sep 10, 15:19
မိုးဒီ : ဟာ သိဘူးဗျ.. ထပ်တူထပ်မျှ စိတ်မကောင်းပါဘူးဗျာ။ 3 Sep 10, 15:19
MoeZ: စိတ်မကောင်းပါဘူး 3 Sep 10, 15:19

mmweather: MMW အဖွဲ့ဝင် ကိုခင်ဇော် (kzaw)၏ ဖခင်ကြီးသည် ယနေ့ ၃-၉-၂ဝ၁ဝ နေ့ နေ့လည် ၁၂း၃ဝ နာရီတွင် ကွယ်လွန် အနိစ္စရောက်သွားပါကြောင်း MMW အဖွဲ့ဝင်များသို့ ဝမ်းနည်းစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ 3 Sep 10, 15:19

MoeZ: ဆရာဝန်ကမရတော့ဘူးလို့ပြောလိုက်တဲ့ညနေက ခံစားလိုက်ရတဲ့ခံစားချက်ကတော့တစ်သက်လုံးမမေ့ဘူးဗျာ 3 Sep 10, 10:34
မိုးဒီ : ကျေးဇူးဆပ်စရာ မိဘ မရှိတော့ သလို အမွေလု စရာ ညီအကို မောင်နှမလဲ မရှိဘူး .. 3 Sep 10, 10:33
မိုးဒီ : ငမိုးဒီတို့တော့ အေးတယ်.. အဖေရော အမေ ပါ ငယ်ငယ်လေးကထဲ က လစ်သွားကြတာ… ကျနော်လဲ ဦးဝယ်ကြီးနဲ့ တူတူပဲ 3 Sep 10, 10:33
MZH: :wxfine: မိဘကျေးဇူးသိတဲ့လူတွေနဲ့ တွေ့ရတာမင်္ဂလာပါပဲဗျာ 3 Sep 10, 10:33
MoeZ: အမေဆို 54ပဲရှိသေးတာ 3 Sep 10, 10:32
MoeZ: ဟုတ်တယ် ကျွန်တော့အမေတုန်းကလည်းအဲလိုပဲဗျ 3 Sep 10, 10:31
မိုးဒီ : မရှုတ်ပါဘူးဗျာ.. ဇော်ကြီးအဖေအကြောင်းကြားရတာ စိတ်မကောင်းတာနဲ့ ငြိမ်နေတာပါ 3 Sep 10, 10:30
bonbon: ကွေကာအုပ်ဖျော်တဲ့ထဲ ensure ထည့်သောက်ရင်လည်း ကောင်းတယ်ဗျ နိုင်ငံခြားမှာနေတဲ့ ကျနော့ အစ်မကတော့ သူတို့ဆို အသက် 50 နီးပါးတော့ ရှိ ကြပြီပေါ့ ခံနိုင်ရည်ရှိအောင် သူတို့ အဲလိုပဲ သောက်ကြတယ်တဲ့ 3 Sep 10, 10:14
bonbon: ကျနော်အစ်ကိုတုန်းက ဘရင်းကြက်ပေါင်းကို တနေ့ တလုံးနဲ့ 2 လသောက်သောက်လိုက်တယ် ensure ကိုလည်း နေ့တိုင်းသောက်တယ် အခုထိ သူ အလုပ် နည်းနည်းပင်ပန်းရင်တောင် ensure ဖျော်သောက်တုန်း 3 Sep 10, 10:11
kzaw: ဟုတ်လား…ကျွန်တော် ဒါပထမဆုံးသုံးဖူးတာပါ..။ 3 Sep 10, 10:10
bonbon: ensure သောက်တာ တကယ်ကိုကောင်းပါတယ် brand ကြက်ပေါင်းရည်နဲ့ တွဲတိုက်တော့ ပိုကောင်းတာပေါ့ဗျာ ကျနော့်အစ်ကို TB ဖြစ်တုန်းက လုံးဝမစား မသောက် စားရင် အန်တဲ့အတိ ဖြစ်တာ အဲဒါနဲ့ပဲ နေတာဗျ ခံနိုင်ရည်လည်းရှိတယ် 3 Sep 10, 10:07
bonbon: ဆုတောင်းပေးပါတယ်ဗျာ 3 Sep 10, 10:06
kzaw: ဖေဖေအသက်ရျည်အောင်သာဆုတောင်းပေးပါဗျာ…။ 3 Sep 10, 10:05
bonbon: ကိုခင်ဇော် အဖေကြီးကို ပြုစုနေတယ် ကြားတော့ သာဓုခေါ်ပါတယ်ဗျာ 3 Sep 10, 10:04
kzaw: ကောင်းပါပြီ..။ 3 Sep 10, 10:04
kzaw: သာမန်နေမကောင်းလို့ အပြုစုခံချင်တဲ့သူကို စတဲပပုံစိလေးနဲပလုပ်ပေးနေတာ..။ 3 Sep 10, 10:04
kzaw: ကျွန်တော်က သူ့အညစ်အကြေးသုတ်သင်ရင်လည်း သူ့ကို နောက်နောက်ပြောင်းပြောင်နဲ့ လုပ်ပေးနေတာ..။ 3 Sep 10, 10:04
mmweather: ကောင်းပါတယ်ဗျာ ကျနော့်တုံးက အဖေရေား အမေရောကို ပြုစုဖပးဖို့ အခွင့်အရေးမရခဲ့ဘူးလေ အခုမှ ပြန်ရချင်လို့လဲ မရတော့ဘူး အဲဒါကြောင့် မိဘနာမကျန်းဖြစ်တဲ့အချိန် အနီးကပ်ဂရုစိုက်ပေးနေတာကြားရင် ရင်ထဲက ပီတိဖြစ်တယ်ဗျာ သာဓုလဲခေါ်တယ် 3 Sep 10, 10:03
kzaw: ၃) တရက်အသက်ဆက်ရှင်လို့ သူ တရားဆက်မှတ်နိုင် ရင် ဟိုဖက် ဘ၀အတွက် ပိုကောင်းညပီပေါ့.။။ 3 Sep 10, 10:03
kzaw: ၂) သူပီတိဖြစ်မယ် ..အဲဒီ ပီတိက အသက်ရှင်နိုင်တယ် အကိုရေ့..။ 3 Sep 10, 10:02
kzaw: ၁) ကိုယ်ကုသိုလ်ရမယ်….။ 3 Sep 10, 10:02
kzaw: ကျွန်တော်အကုန်လုပ်ပေးတယ်အကို ရည်၇ွယ်ချက် ၃ခုနဲ့..။ 3 Sep 10, 10:01
kzaw: လူကတော့ အခုထိ ဘာမှ သတိမမေ့ဘူး စကားလည်း လူကိုသာမကြည့်နဲ့ လူနာလို့မထင်ရဘူး… လေသံက ကျွန်တော်တို့လိုမှာတုန်းပဲ..။ 3 Sep 10, 10:01
mmweather: ကိုခင်ဇော် အခုတော့ အချိန်ရသလောက် ဂရုစိုက်ပေးလိုက်ပါဗျာ .. တစ်သက်မှာ တစ်ခါပဲ ကိုယ့်အတွက် ရတဲ့ အခွင့်အရေးပါ ကိုယ့်အလှည့်ကျတော့ ဒီလိုပြန်ရချင်လဲ ရမယ် ရချင်မှလဲ ရမယ် အဲဒါက ကိစ္စမရှိတော့ဘူးလေ 😀 3 Sep 10, 10:00
kzaw: သူ့ကိုတော့ အင်္ဆကျိတ်လို့ပဲပြောထားတယ်..။ 3 Sep 10, 10:00
kzaw: သို့သော် ၁ နေ့ Brand က်ြပေါင်း ၁ လုံး Ensure 3 4 ခွက် တော့ သောက်တယ်..။ 3 Sep 10, 09:59
kzaw: ထမင်းမစားချင်ဘူး ဆိုတာ ၄ ရက်ရှိပြီ ဘာမှ မစားတာ..။ 3 Sep 10, 09:59
mmweather: ဒါပေမဲ့ လူနာစိတ်မခိုင်ရင် အဲဒီကိစ္စက ဖုံးထားသင့်တယ်ဗျ 3 Sep 10, 09:59
kzaw: ပြီးခဲ့တဲ့ Aug 29 30 အပေါ်သွေး ၆၀ အောက်သွေး မရှိ…လူကတော့ အိပ်ရာထဲလဲတာပဲရှိတယ် ပုံမှန်စကားပြောနိုင်တယ်.. 3 Sep 10, 09:59
mmweather: အော် အဲသလိုလား suspect အဆင့်ပေမဲ့ အသက်ကြီးသူဆိုတော့ ဟုတ်တာပေါ့ 3 Sep 10, 09:58
kzaw: ပြီးခဲ့တဲ့ ၁၀ ရက်ကမှ နောက်တစ်ခုထပ်တွေ့တယ် အကို… လည်ပင်းမှာ အကြိတ် ၁ခု ထွက်တယ် ကြက်ဥလောက်ရှိမယ်..သူနဲ့ပတ်သက်ပြီး လောလောဆယ် ဘာ effect မှမရှိသေးဘူး.. ဆရာဝန်က CA လို့ suspect ရှိတယ်။ အဲဒီမှာ ပြသာနာစတာပဲ အကို ရေ..။ 3 Sep 10, 09:58
mmweather: နိုင်ငံခြားမှာရော ဒီမှာရော အဲဒီ နှလုံးတွန်းစက်တော့ ထည့်လို့ရသေးတာပေါ့ တချို့ သူတို့ဆီက အဘိုးကြီး အဖွားကြီးတွေ အသက် ၁ဝဝ နီးတဲ့အထိ အဲဒီ နှလုံးတွန်းစက်တပ်ပြီးနေသွားကြတယ်လို့ ကြားဖူးတယ်ဗျ ဒီမှာတော့ သိတ်မလွယ်လှဘူးထင်တယ် 3 Sep 10, 09:54
kzaw: အသက် ၈၀ ဆိုတော့ ဒီနိုင်ငံမှာ ကုဖို့မလွယ်ဘူးလို့ပြောတယ်..။ 3 Sep 10, 09:54
kzaw: သူက ဒုတ်ဒုတ် ရက်လိုက် ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ် ရပ်လိုက် ဒုတ်ဒုတ်ဒုတ် အဲသလို ခုန်တာ…က်သံမမှန်ဘူးပေါ့အကိုရာ ..။ 3 Sep 10, 09:53
kzaw: ပုံမှန်ွေးခုန်းနှုန်း ၈၀ ရှီတယ် ..pulse တွေပျော့တာပုံမှနင်္ဆို နှလုံးက ဒုတ်ဒုတ်ုးတ်ဒုတ် ဆို ခုန်တာလေ..။ 3 Sep 10, 09:53
mmweather: ကျနော့်အဖေကတော့ အသက် ၅၈ နှစ်မှာကတည်းက နှလုံး pulse-maker လဲထည့်ပြီး ၁ဝ လဘဲ ခံတယ်ဗျ 3 Sep 10, 09:53
mmweather: အော် လူကြီးရောဂါဘဲပေါ့ 3 Sep 10, 09:51
kzaw: နှလုံးက expired ဖြစ်သွားတယ်ပဲပြောရမှာပေါ့…။ 3 Sep 10, 09:51
kzaw: အားကုန်ပြီး မထနိုင်တာ ၁လ လောက်ရှိသွားပြီ….။ 3 Sep 10, 09:51
kzaw: ဖေဖေကအခု နှလုံးခန်းမမှန်တော့တာ အကို..၊ ဆီးကျိတ်လဲရှီတယ်ပေါ့..။ 3 Sep 10, 09:50
mmweather: အသက်ရှည်ကြတာဘဲဗျ ကောင်းတယ်ဗျာ 3 Sep 10, 09:49
kzaw: ဟုတ်ပါ့ အကိုရာ…။ 3 Sep 10, 09:49
mmweather: နောက်မှ ဂရုစိုက်ချင်လို့ မရတော့ဘူးလေ 3 Sep 10, 09:49
kzaw: အမေက ၆၉၊ အဖေက အခု ၈၀ 3 Sep 10, 09:49
mmweather: ကိုခင်ဇော် အဖေရှိသေးတာကိုး ကျနော်ကတော့ မရှိတော့တာကြာပါဘီဗျာ၊ မိဘတွေရှိတုန်း သူတို့ကို ပိုပြီး ဂရုစိုက်လိုက်ပါ  3 Sep 10, 09:49

13 comments to ကိုခင်ဇော်(kzaw)၏ ဖခင်ကြီးကွယ်လွန်အနိစ္စရောက်ကြောင်း ..

  • MoeZ

    ကိုခင်ဇော်ရဲ့ဖခင်ကြီးဆုံးသွားတဲ့အတွက်စိတ်မကောင်းပါဘူး

  • ဦးဝင်းနိုင်

    စီဘောက်ပေါ်မှာ လာရောက်မေးမြန်းကြတဲ့ MMW မိတ်ဆွေပရိတ်သတ်များကို ကိုခင်ဇော်တို့ မိသားစုကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း MMW ကိုယ်စားပြောပါရစေဗျာ။ လောလောဆယ်အချိန်အထိတော့ ကိုခင်ဇော်နဲ့ ကွန်တက်မရသေးတဲ့အတွက် နာရေးအစီအစဉ်နဲ့ ပတ်သက်လို့ မသိရသေးပါဘူး။ အဆက်အသွယ်ရကြလို့ သိသူများရှိရင် ဒီနေရာမှာ ဆက်ရေးသွားပေးကြပါလားဗျာ …

  • PyaitPyait

    Dear Ko Khin Zaw,

    I am sorry to hear about your father. My deepest sympathies to you and your family.
    May the peace which comes from the memories of love shared, comfort you now and in the days ahead.
    Sincerely,
    Pyait Pyait

  • kokyawgyi

    ကိုခင်ဇော်ဖခင်ကြီးရဲ့ နာရေးသတင်းကိုကြားသိရလို့ အထူးဝမ်းနဲရပါတယ်ခင်ဗျာ

  • juju

    ကိုခင်ဇော်ရဲ့ ဖခင်ကြီးနာရေးသတင်းကိုကြားမိရသဖြင့် MMW ၀ိုင်းတော်သားများနဲ့ ထပ်တူအထူးဝမ်းနဲရပါတယ်

  • Soe Htaik

    တချိန်ချိန်မှာခွဲခွာရမယ်ဆိုတာကို သိနေပေမယ့်လည်း မထင်မှတ်ဘဲအခုလို (အထူးသဖြင့်ဒီနေ့) စောစီးစွာနှုတ်ဆက်ထွက်ခွာသွားတဲ့ မိတ်ဆွေကြီး ကိုခင်ဇော်(Kzaw)ရဲ့ဖခင်အတွက် မိသားစုနည်းတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါတယ်။

    MMW Facebook စာမျက်နှာပေါ်မှာတက်လာတဲ့ MMW ရဲ့ Facebook ပရိတ်သတ်တွေရဲ့ စကားတွေကိုလည်း ဒီမှာဘဲတစ်ခါတည်းဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ။ နောက်ပိုင်းတက်လာတာများကိုလည်း ဆက်လက်ဖေါ်ပြပေးသွားပါ့မယ်။

    Khin San Nwe:
    Sorry for bad news!
    ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်;

    San Min Par:
    My condolences
    May he rest in peace

    Ma Khing Lay
    အတိုင်းအထက်အလွန် စိတ်မကောင်းဖြစ်ရပါတယ်

  • aungzaw

    အကိုခင်ဇော်ဖခင်ကြီးရဲ့ နာရေးသတင်းကိုကြားသိရလို့ ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနဲရပါတယ်ခင်ဗျာ

  • ဦးဝင်းနိုင်

    မိုးဒီ : ကိုခင်ဇော့် ဖခင်ကြီး ဈာပန အခမ်းအနား က မနက်ဖြန်မှတဲ့ဗျ၊ ကျနော် ညက သဂြိင်္ုလ်ပြီးပြီထင်လို့ ကိုခင်ဇော့် ဆီ ဖုန်းဆက်လိုက်တာ၊ အမျိုးတွေ စုံအောင် စောင့်နေလို့ ငါးရက်ပြည့်မှ မြေချပါမယ်တဲ့ ။

  • ကိုခင်ဇော်ကြီးဖခင်ကြီးနဲ့နာရေးသတင်းကိုကြားရတာ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ၀မ်းနည်းမိပါတယ်။ လူဘ၀ဆိုတာ “တွေ့ ဆုံ ကြုံ ကွဲ” ပါကိုခင်ဇော်ရယ် ဖခင် ပဲဖြစ်ဖြစ် မိခင်ပဲဖြစ်ဖြစ် သူငယ်ချင်းပဲဖြစ်ဖြစ် သက်ရှိလူသားရယ်လို့ဖြစ်လာရင် အချိန်တန်ရင်ခွဲခွာသွားကြမှာပါ ကိုကနောက်ကျတယ် စောတယ်ပဲဖြစ်မှာပါ။ ကိုခင်ဇော် ဖခင်ကြီးလဲ ခွဲခွာသွားပင်မယ့် ကိုခင်ဇော် ရင်ထဲမှာ အရမ်းဝမ်းနည်းနေမှာပါ ထိုအတူ MM WEATHER အဖွဲ့သားများနဲ့ထပ်တူဝမ်းနည်းကြေကွဲကြောင်း သ၀န်လွှာကို ကီယာ ၀မ်းနည်းမှူများစွာနဲ့ပို့ပေးလိုက်ပါတယ်ကိုခင်ဇော် ကိုခင်ဇော်ဖခင်ကြီး “ကောင်းရာသုဂတိလားပါစေ”

  • bonbon

    ကိုခင်ဇော် ဖခင် ကွယ်လွန်သွားတာကို ဒီနေ့ မှ သိရလို့ ပါ။
    မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်ခင်ဗျာ။

    bonbon

  • MZH

    စိတ်မကောင်းပါဘူးဗျာ။
    ကိုခင်ဇော် ဖခင်ကြီး “ကောင်းရာသုဂတိလားပါစေ”ကြောင်းဆုတောင်းအပ်ပါသည်။

  • ကိုနေစေး

    အခုမှပဲ တွေ့ရပါတယ် ..ဘောက်ထဲမ၀င်လို့ ..
    ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ် ကိုခင်ဇော်..
    ကိုခင်ဇော်လဲ တရား အာထုတ်ဖူးတာပဲ ..
    တရားနဲ့သာဖြေပါခင်ဗျာ ..

    ကိုခင်ဇော် ဖခင် ကောင်းရာသုဂတိ လားပါစေ

  • Deltarian

    ဒီနေ့ မှ သိရပါတယ်။ ကျန်ရစ်သူမိသားစု နှင့် ထပ်တူ ၀မ်းနည်း မိပါတယ်။
    ကောင်းရာ သုဂတိမှာ စံစားပါစေ လို့ မေတ္တာပို့ ဆုတောင်း လိုက်ပါတယ်။

You must be logged in to post a comment.